လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၏ ဓာတ်အားထုတ်လုပ်နိုင်မှုမှာ မဂ္ဂါဝပ် ၃၈၀၀ ခန့်သာရှိသော်လည်း လာမည့်သုံးနှစ်အတွင်း နောက်ထပ်မဂ္ဂါဝပ် ၃၀၀၀ ခန့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မတ် ၁၆ ရက်က ပြောကြားသည်။
နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်အနေဖြင့် တစ်နှစ်လျှင် ၁၉ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိကြောင်း၊ လက်ရှိအခြေအနေတွင် တစ်နှစ် မဂ္ဂါဝပ် ၃၀၀ မှ ၅၀၀ ကြား တိုးတက်လိုအပ်လျက် ရှိသည်ကို တွေ့ရကြောင်း၊ အဆိုပါဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ရေတိုရေရှည် အစီအမံများ ချမှတ်ကာ ကြိုတင်စီမံဆောင်ရွက်မှသာ နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်ကို နှစ်စဉ်အချိန်မီ ပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်းလည်း ၎င်းကဆက်လက် ပြောကြားသည်။
“နောက်သုံးနှစ် အတွင်းမှာ လိုအပ်လာမယ့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အတွက်တော ့ရေတိုအစီအမံအနေနဲ့ လျင်မြန်စွာ တည်ဆောက်ပြီး ဓာတ်အားထုတ် မောင်းနှင်နိုင်တဲ့ သဘာဝဓာတ်ငွေ့သုံး အင်ဂျင်ဓာတ် အားပေးစက်ရုံများ အကောင်အထည်ဖော်၍ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း သဘာဝဓာတ်ငွေ့ရရှိမှုဟာ အကန့်အသတ် ရှိတဲ့အတွက် အခြားလောင်စာများကို အသုံးပြု၍ ဓာတ်အားထုတ်လုပ်နိုင်ရန်လည်း စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဆိုသည်။
“လက်ရှိအနေအထားအရ မြန်မာနိုင်ငံတွင် နှစ်စဉ်ဓာတ်အား တိုးတက်သုံးစွဲမှုမှာ ၁၅ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းအထိ တိုးတက်သုံးစွဲ လာတဲ့အတွက် နှစ်အလိုက် ဓာတ်အားလိုအပ်ချက်မှာ ၂၀၂၀ - ၂၀၂၁ ခုနှစ်မှာ ၄၅၃၁ မဂ္ဂါဝပ်ခန့် တိုးတက်သုံးစွဲလာမယ်လို့ ခန့်မှန်းရတဲ့အတွက် စုစုပေါင်း ၂၇၅၇ မဂ္ဂါဝပ်ကို ထပ်မံတိုးတက် ထုတ်လုပ်ပေးနိုင်ရေး လျာထားဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဆိုသည်။
အဆိုပါ ဓာတ်အားထုတ်လုပ်မှုများမှာ ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတို့အပြင် ၂၀၂၀ ပြည့်နှစ်တွင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ကျဆင်းလာမည် ဖြစ်သည့်အတွက် LNG ဓာတ်ငွေ့သုံး စက်ရုံများဖြင့် စုစုပေါင်း ၃၀၀၀ မဂ္ဂါဝပ်ခန့်ကိုလည်း တည်ဆောက်၍ ဓာတ်အားတိုးတက် ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံချက်အရ ပထမအဆင့် နှစ်မိုင်အတွင်းရှိ ကျေးရွာ ၅၀၈၀ တွင် လျှပ်စစ်ရရှိရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ သန်း ၃၁၀ ၏ ပထမအဆင့်အနေဖြင့် ဓာတ်အားစနစ်မှ နှစ်မိုင်အတွင်း ကျေးရွာ ၅၀၈၀ ဓာတ်အားရရှိရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ချေးငွေဖြင့် ဒုတိယ အဆင့် မဟာဓာတ်အားလိုင်းမှ ငါး မိုင်အတွင်း ကျေးရွာများဓာတ်အား ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဒုတိယအဆင့်ပါ စီမံကိန်းများကို ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန် ပြီးစီးအောင် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါချေးငွေဖြင့် ပထမအဆင့် နှစ်မိုင်အတွင်း ကျေးရွာများနှင့် ဒုတိယအဆင့် ငါးမိုင်အတွင်း ကျေးရွာများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာပေါင်း ၈၅၃၇ ရွာရှိ အိမ်ထောင်စု ၁၀၃၂၄၁၁ စုခန့် လျှပ်စစ်ဓာတ်အား ရရှိလာမည် ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
