အသေးစားနှင့် အလတ်စား ရွှေလုပ်ကွက်များ တူးဖော်ခွင့် လျှောက်ထားရာတွင် ရေးဆွဲတင်ပြရသည့် EMP (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစီမံချက်) အဆင်ပြေစေရန် စဉ်းစားပေးမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက ပြောကြားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် မတ် ၆ ရက်က ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံနှင့် လူထုတွေ့ဆုံပွဲတွင် အသေးစားနှင့် အလတ်စား ရွှေတူးဖော်ခွင့် လျှောက်ထားရာတွင် EMP နှင့် IEE ရေးဆွဲတင်ပြရသည့် အခက်အခဲများနှင့် ပတ်သက်၍ ပြည်သူတစ်ဦးက မေးမြန်းသည့် မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့သည်။
“အခုမေးမြန်းထားတဲ့ EMP, IEE ကိစ္စကို အဆင်ပြေအောင်အတွက် တစ်ကွက်ချင်း၊ တစ်ကွက်ချင်း ရေးဆွဲရတာ အင်မတန်မှ အကုန်အကျများတယ်လို့ ပြောပါတယ်။ အဲဒီအတွက် ကုန်ကျတာက ကျွန်တော်တို့ ဌာနနဲ့ မဆိုင်ပါဘူး။ မိမိရေးဆွဲဖို့ငှားရမ်းတဲ့ ကုမ္မဏီနဲ့ပဲဆိုင်ပါတယ်။ အဲဒီတော့တချို့ ကျွန်တော်သိရသလောက် လုပ်ကွက်တွေက နီးနီးလေး ကပ်နေပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်များ အဆင်ပြေရန်အတွက် တစ်ကွက်ချင်း ကပ်နေတဲ့ လုပ်ကွက်တွေမှာ ပေါင်းစပ်ပြီးရေးဆွဲရင် အကုန်အကျ သက်သာနိုင်မလား ဆိုတာကို ကျွန်တော်တို့အခု မကြာမီ ဒီလအတွင်းမှာပဲ ကျင်းပမယ့် အစည်းအဝေးမှာ ထည့်သွင်းပြီး ကျွန်တော်တို့ ဘယ်လောက်အထိ ဆောင်ရွက်ပေးနိင်မယ်ဆိုတာ စဉ်းစားပေးပါ့မယ်။ ဘာကြောင့်လဲဆိုတော့ EMP,IEE ကလည်း မရေးဆွဲလို့ မဖြစ်ပါဘူး။ ဘာကြောင့်လဲဆို တော့ အပေါ်မှာရှိတဲ့ သဘာဝသယံ ဇာတဖြစ်တဲ့ သစ်တောတွေ၊ မြေတွေ ကို ဖယ်ရှားရမယ်။ ပြီးမှ အောက်မှာ ရှိတဲ့သယံဇာတကို တူးရမယ်။ အဲဒီတော့ အပေါ်မှာရှိတဲ့ သယံဇာတကို ကျွန်တော်တို့က အတိုင်းအတာတစ် ခုအထိ အနှောင့်အယှက်ပေးတာ။ သို့သော် အနှောင့်အယှက်ပေးတာ အနည်းဆုံး Least Impact ဖြစ်ရမယ်။ အပေါ်ကဟာကို မဖယ်ဘဲ အောက်ကို တူးလို့မရဘူး။ သို့သော် တူးတဲ့နေရာမှာ သူ့ကိုထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဘယ်လိုနည်းနဲ့ စီမံဆောင်ရွက် နိုင်မလဲဆိုတာ ကျွန်တော်တို့ စဉ်းစားပါမယ်။ ဒါကြောင့် ခုနက ကျွန်တော်တို့ EMP နဲ့ IEE ကိုလည်း အဆင်ပြေအောင် လာမယ့်အစည်းအဝေးမှာ စဉ်းစားပေးပါ့မယ်” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။
အသေးစားနှင့် အလတ်စား ရွှေတူးဖော်ခွင့် လျှောက်ထားရာတွင် EMP (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစီမံချက်) ကို ရေးဆွဲတင်ပြရပြီး EMP ရေးဆွဲရန် ပညာရှင် ငှားရမ်းခ ကုန်ကျစရိတ်မှာ အနည်း ငယ်များသည်ဟု ဆိုနိုင်သော်လည်း အဓိကမှာ EMP မူဝါဒကို ဖြေလျှော့ ပေးစေလိုကြောင်း ရွှေလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးသန်းဝင်း၏ ပြောကြားချက်အရ သိရသည်။
“အသေးစားတူးဖော်ခွင့် လျှောက်ထားတဲ့အခါ လေးဧကကွက် ကို တစ်ဆက်တစ်စပ်တည်းဆိုရင် လေးကွက် ၁၆ ဧက ယူလို့ရတယ်။ အလတ်စားကျတော့ တစ်ကွက်ကို ဧက ၂၀ ပေါ့။ EMP ရေးဆွဲဖို့ငှားရမ်း ရတဲ့ ပညာရှင်တွေက တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူဘူး။ တချို့ကျတော့လည်း လုပ် ကွက် လေးကွက်မှာ တစ်ဆက်တစ် စပ်တည်းဆိုရင် ပထမတစ်ကွက်ကို ရှစ်သိန်းနဲ့လက်ခံပြီးတော့ ကျန်တဲ့ အကွက်တွေကို လေးသိန်းစီယူယူ သွားတယ်ဆိုတော့ တစ်ဆက်တစ်စပ်တည်းရှိနေတဲ့အကွက်တွေဆိုရင် စုစုပေါင်းကုန်ကျစရိတ် ကျပ်၂၅ သိန်းလောက် ရှိတာပေါ့။ အဲဒီအထဲ မှာ ရေ၊ မြေစမ်းသပ်ခ ကျပ် ၂၇၀၀၀၀ နဲ့ ပညာရှင်တွေရဲ့ သွားလာခကုန်ကျ စရိတ်အပါပေါ့။ ဒါက တစ်ဆက် တစ်စပ်တည်း အကွက်တွေကို ပြော တာလေ။ ဒါပေမဲ့ ဒီနားမှာတစ်ကွက်၊ နောက်တစ်ကွက် ဟိုးဘက်တစ်နေ ရာမှာဆိုရင် IEE က သီးခြားစီဖြစ်သွားတဲ့အတွက် တစ်ကွက်ချင်းအ လိုက်ပဲယူမှာပေါ့။ တစ်ဦးတည်းဆိုရင်တော့ အကုန်အကျများတယ်လို့ ပြောလို့ရပေမယ့် တခြားလုပ်ငန်းရှင် ၄၊ ၅ ယောက်ကပါ ၀ိုင်းငှားပြီး ပညာ ရှင်သွားလာစားသောက်တဲ့ကုန်ကျ စရိတ်ကို မျှခံမယ်ဆိုရင်တော့ နည်း နည်းတော့ သက်သာတာပေါ့။ ကျွန် တော်တို့ ဖြစ်စေချင်တာက လွယ်ကူတဲ့ အဆင်ပြေတဲ့စနစ်ကို သွားစေ ချင်တာ။ တစ်ဆက်တစ်စပ်တည်း ရှိတဲ့ အသေးစားလုပ်ကွက် လေး ကွက်၊ ၁၆ ဧကအတွက်ကို EMP တစ်စောင်တည်းတင်ရရင် ပိုအဆင် ပြေတာပေါ့။ ဘာကြောင့်လဲဆို တော့ အလတ်စားလုပ်ကွက် တစ် ကွက် ၂၀ ဧကတောင်မှ EMP တစ် စောင်တည်း တင်ရတာလေ။ အဓိက ကတော့ ပြည်ထောင်စုက EMP နဲ့ IEE နဲ့ကို စစ်တဲ့အခါမှာ ဖြေလျှော့ပေးမယ် ပြောပေမယ့် တကယ်တမ်းကျတော့ မဖြေလျှော့ပေးဘူး။ EMP ရေးဆွဲတဲ့ ကုန်ကျစရိတ်ထက် EMP တင်တဲ့အခါ တစ်ခါတည်းနဲ့မအောင်ရင် ခဏခဏ ပြန်တင်ရတာက အခက်အခဲ ပိုဖြစ်တယ်” ဟု ဦးသန်းဝင်းက ပြောကြားသည်။
လက်ရှိတွင် ဟုမ္မလင်းမြို့နယ်အတွင်း အသေးစားနှင့် လက်လုပ်လက်စား ရွှေတူးဖော်ခွင့်အား စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ စီစစ်ချထားပေးလျက်ရှိပြီး အလတ်စား ရွှေတူးဖော်ခွင့်ကိုမူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ချထားပေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
