Top News

တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတစ်လျှောက် ကြိုးပျောက်စနစ် လမ်းလယ်ဓာတ်မီးတိုင် တပ်ဆင်ခြင်းလုပ်ငန်း ဧပြီလ ပထမပတ်အတွင်း ပြီးစီးအောင် ဆောင်ရွက်မည်
24htopnews | December 2, 2024 2:12 AM CST

တောင်ကြီးမြို့တွင်း ခြောက်မိုင်အရှည်ရှိ ကြိုးပျောက်စနစ် လမ်းလယ်လျှပ်စစ်ဓာတ်မီးတိုင် တည်ဆောက်ခြင်း လုပ်ငန်းများကို လာမည့် ဧပြီလ ပထမပတ်အတွင်း အမြန်ဆုံး ပြီးစီးစေရေးအတွက် ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတစ်လျှောက်၊ တောင် ကြီးဆေးတက္ကသိုလ်ကျောင်းရှေ့မှ ကရင်မရေထွက် တောင်အဆင်း လမ်းအထိ အရှည်ခြောက်မိုင်လုပ်ငန်းဖြစ်ပြီး တိုင်ဟောင်းများနုတ်ယူ ခြင်း၊ တိုင်သစ်စိုက်ထူခြင်းလုပ်ငန်း များကို နှစ်လကျော်အချိန်ယူ ပြုပြင် နေကြခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်း လမ်းဓာတ်မီးတိုင် စိုက်ထူခြင်းလုပ် ငန်းကို တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ဌာနမှ အိတ်ဖွင့်တင်ဒါ ခေါ်ဆိုခဲ့ရာ၊ ဗားမားဖိုးရာဇာကုမ္ပဏီ မှ တင်ဒါအောင်မြင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကျပ် သိန်း ၉၀၀၀ ကျော်ဖြစ်ပြီး ပြီးခဲ့သော ဘဏ္ဍာနှစ်တွင် ကျပ်သိန်း ၄၀၀၀ ဖိုး ပေးသွင်းခဲ့ပြီး ကျန်ငွေကို ယခုဘဏ္ဍာ ရေးနှစ်တွင် စည်ပင်သာယာရေးဌာနမှ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

“ဗိုလ်ချုပ်လမ်းမှာ လမ်းမီးထွန်း တာကတော့ ဆေးတက္ကသိုလ်ရှေ့က နေ စတာပါ။ ဆေးတက္ကသိုလ်ကနေ ကရင်မရေထွက်အထိပေါ့။ အားလုံး ၅ ဒသမ ၈ မိုင်၊ ခြောက်မိုင်နီးပါး လောက် လမ်းမီးထွန်းညှိခြင်းဆောင် ရွက်နေပါတယ်။ ခုဆိုရင် ရာခိုင်နှုန်း တော်တော်များများ ၈၀ ရာနှုန်းလောက်ပြီးတာ တွေ့မြင်နိုင်ပါတယ်” ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအေးကိုက ပြောကြားသည်။

လာမည့် ဧပြီလ လဆန်းပိုင်း တွင် ကရင်မရေထွက်အထိ လမ်းမီး တိုင်တပ်ဆင်ခြင်းလုပ်ငန်းများကို ပြီး စီးအောင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ဆောင် ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ် မီးကြိုးများ မြှုပ်နှံရန် တူးဖော်ထားသော လမ်းအပေါက် များကိုလည်း ဖာထေးပေးသွားရမည် ဖြစ်ပြီး လုပ်ငန်းတွင် တိုင်ဟောင်းများ နုတ်ခြင်း၊ တိုင်သစ်စိုက်ထူခြင်း၊ မီး သီးထွန်းခြင်း၊ လမ်းမီးသီးခြားထရန် စဖော်မာ ခြောက်လုံးကိုလည်း တပ် ဆင်သွားရမည် ဖြစ်ကြောင်းဦးအေးကိုက ပြောကြားသည်။

ထိုသို့ ကြိုးပျောက် မြေအောက် ကေဘယ်လ်ကြိုးစနစ် လမ်းဓာတ် မီးတိုင် စိုက်ထူခြင်းလုပ်ငန်းသည် တောင်ကြီးမြို့အတွက် အမှန်တ ကယ်လိုအပ်မှု ရှိ မရှိကို သေချာမသိ ရကြောင်း၊ လုပ်ငန်းစတင်ဆောင် ရွက်ရန် ပြည်သူလူထုကို ကြိုတင် အသိပေးခြင်းလည်းမရှိသဖြင့် ပွင့် လင်းမြင်သာမှုမရှိကြောင်း ဝေဖန်ထားကြသည်။

“တစ်ချက်မေးစရာရှိတာက အဲဒီဓာတ်မီးတိုင်တွေ လိုလားပေါ့။ မြို့လှစေချင်လို့ အန္တရာယ် ကင်းအောင်လို့ပြောရင် တခြားဓာတ်မီးတိုင်တွေကလည်း ကြိုးပျောက်ဓာတ်မီးတိုင်တွေနဲ့ မျက်နှာချင်းဆိုင်မှာ ရှိနေတယ်။ ပြီးတော့ တခြားတောင် ကြီးတစ်မြို့လုံးမှာ ဓာတ်မီးတိုင်တွေ အလုံအလောက် ရှိရဲ့လားပေါ့။ ကြိုး ပျောက်ဓာတ်မီးတိုင်တွေ လုပ်မယ့် အစား တခြားမီးမလင်းသေးတဲ့နေ ရာတွေမှာ ဓာတ်မီးတိုင်တွေထောင် ရင် ပိုမကောင်းဘူးလားဆိုတာ တစ်ချက်တွေးမိတယ်။ ကြိုးပျောက်ဓာတ် မီးတိုင်တွေကို လမ်းတွေ ဖျက်လိုက် ပြန်ဆောက်လိုက် ကြိုးပျောက်လုပ် မယ့်အစား နဂိုဓာတ်တိုင်ကိုအဆင့် မြှင့်တင်လို့ မရဘူးလားပေါ့။ ကြိုး ပျောက်သည် ဖြစ်စေမပျောက်သည် ဖြစ်စေ ပိုကောင်းအောင်လုပ်ရင် မကောင်းဘူးလား၊ တစ်ဖက် မြို့ခံ အနေနဲ့ဆိုရင် ကြိုးပျောက်လုပ်မယ် မလုပ်ဘူးဆိုတာ တောင်ကြီးမြို့ခံအ နေနဲ့ ဘာမှမသိရဘူး။ ကြိုးပျောက် ဓာတ်မီးတိုင်တွေ ပေါ်လာတယ်ဆို ရင် ပေါ်လာတယ်ပေါ့။ အရင်ဓာတ်တိုင်တွေက ဘာဖြစ်လို့လဲပေါ့။ အရင်ကလည်း ကွန်ကရစ်နဲ့ထောင်ပြီး သွားနေတယ်။ မြေကြီးအောက်ထဲသွားလို့ အန္တရာယ်ကင်းတယ် ပြောရင်တောင် မြို့ခံတွေ မသိရဘူး။ ကျွန်တော်တို့ ကြိုးပျောက်လေး လုပ်ချင်တယ်။ မြို့ခံတွေအတွက် အန္တရာယ်ကင်းစေတယ် ဆိုတာမျိုးကိုတောင် ပြောတာလေးတောင် မတွေ့ရဘူး။ ကြိုးပျောက်လို့ ပြောပေမယ့် လမ်းဘေး တစ်ဖက်တစ်ချက်မှာတော့ ဓာတ်တိုင်တွေကတော့ ရှိနေသေးတာပဲပေါ့” ဟု တောင်ကြီးမြို့ခံ ကိုဧပရယ်ဂျူးဂျူးက ပြောကြားသည်။

 


READ NEXT
Cancel OK