ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေး အထောက်အကူပြုကော်မတီတွင် ထည့်သွင်းထားကြောင်းကို ကြိုတင်အသိပေးခြင်း၊ သဘောထားရယူခြင်း မရှိသော်လည်း ကော်မတီသည် ရခိုင်လူထု အကျိုးရှိမည်ဆိုပါက ကော်မတီတွင် ပါဝင်ဆောင်ရွက်မည်ဟု ကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောကြားသည်။
မတ် ၁၄ ရက်တွင် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းလိုက်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီတွင် ကော်မတီဝင်အဖြစ် ရခိုင်လူမျိုး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးတို့ပါဝင်နေပြီး ယင်းသို့ ပါဝင်နေ ကြောင်းကို ကြိုတင်သိရှိခြင်းမရှိသလို အကြောင်းကြားခံရခြင်း လည်း မရှိခဲ့ဟု ကာယကံရှင်များ ပြောကြားချက်အရ သိရသည်။
“ဒီကော်မတီနဲ့ပတ်သက်ပြီးတော့ ရခိုင်ပြည်သူလူထု ကောင်းကျိုးရှိမယ်၊ ကောင်းကျိုးဖြစ်မယ်ဆိုရင်တော့ ဒီဖြစ်ထွန်းမှုအတွက် ရခိုင်ပြည်သူတွေအတွက် ကျွန်မအလုပ်လုပ်ရမှာပါ” ဟု ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁၀) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောကြားသည်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ မငြိမ်သက်မှုများ ဖြစ်စေရန် ဖန်တီးလှုံ့ဆော်မှုများ ထပ်မံမဖြစ်ပွားစေရေးတို့အတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။
ကော်မတီဥက္ကဋ္ဌအဖြစ် ရခိုင်လူမျိုး အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်က ဆောင်ရွက်မည်ဖြစ်ပြီး ဒုဥက္ကဌ (၁) အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုဥက္ကဋ္ဌ (၂) အဖြစ် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့က ဆောင်ရွက်မည်ဖြစ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး (ငြိမ်း) ဦးညီလှငယ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူ၊ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၊ ရခိုင်ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်တစ်ဦးတို့က အဖွဲ့ဝင်အဖြစ် ပါဝင်မည်ဖြစ်ပြီး ဥက္ကဋ္ဌ တာဝန်ပေးသူက အတွင်းရေးမှူးအဖြစ် ပါဝင်မည်ဖြစ်သည်ဟု သမ္မတရုံးထုတြ်ပန်ချက်အရ သိရသည်။
ကော်မတီဝင်အဖြစ် ထည့်သွင်းရန် သဘောထားရယူခြင်းမရှိခြင်း၊ အသိပေးအကြောင်းကြားမှုမရှိခြင်းက ပြည်သူ့ကိုယ်စားလှယ်တစ်ဦးကို မလေးမစားလုပ်သည့် သဘောဟု ကော်မတီဝင်အဖြစ် ပါဝင်နေသည့် မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက မတ် ၁၅ ရက်တွင် ပြောကြားသည်။
“ဒီကော်မတီမှာ ငါက မွတ်သိပ်လို့ လုပ်မယ်လို့ ပြောတာမှ မဟုတ်တာကွ။ သူတို့က ထည့်တယ်ဆိုရင် ငါ့ကို လာပြီး ပြောရမှာပေါ့။ မပြောဘူးဆိုတာ ငါ့ကို တန်ဖိုးမထားတာပေါ့ကွ။ ငါ့ကို တန်ဖိုးမထားတာကို ငါက လုပ်ပါရစေဆိုပြီး အောက်ကျို့ခံပြီး ပြောနေရမှာလား။ သူတို့ ပြောဖို့တာဝန်ပဲ။ ခင်ဗျား လုပ်မလား၊ မလုပ်ဘူးလား။ လုပ်နိုင်မလား၊ မလုပ်နိုင်ဘူးလားဆိုတာ သူတို့မေးရမှာ ငါ့ တာဝန်မဟုတ်ဘူး” ဟု ၎င်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
