အရပ်သားအစိုးရလက်ထက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် ပိုမိုဆိုးရွားလာပြီး အဆိုပါအခွင့်အရေးကို ကျင့်သုံးသော နိုင်ငံသားများသည် ဖိနှိပ်မှုများကို ရင်ဆိုင်နေကြရသည်ဟု နိုင်ငံရေးအကျဉ်းသားစာရင်းနှင့် နိုင်ငံရေးပုဒ်မများဖြင့် အမှုရင်ဆိုင်နေရသူများကို လစဉ်စာရင်းပြုစု ထုတ်ပြန်လေ့ရှိသည့် နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဖေဖော်ဝါရီလ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
ဖေဖော်ဝါရီလအတွင်း စုစုပေါင်း ၈၃ ဦး အမှုဖွင့်တရားစွဲခံရပြီး ထို ၈၃ ဦးမှာ ရခိုင်တိုင်းရင်းသား ၁၄ ဦးသည် မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေ ၁၇ (၁)၊ (၂) ဖြင့်လည်း ကောင်း၊ ကရင်နီလူငယ်များအပါအဝင် တက်ကြွ လှုပ်ရှားသူ ၆၈ ဦးသည် ငြိမ်း၊စု၊စီ ဥပဒေပုဒ်မ ၁၉၊ ၂၀၊ တက်ကြွ လှုပ်ရှားသူ တစ်ဦးသည် ငြိမ်း၊စု၊စီဥပဒေပုဒ်မ ၂၀၊ ရာဇ သတ်ကြီးပုဒ်မ ၅၀၅ (ခ) တို့ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီလအတွင်း ၄၄ ဦး ဖမ်းဆီးခံရကာ ထို ၄၄ ဦးတွင် ရခိုင်တိုင်းရင်းသား ၂၇ ဦးမှာ မတရားအသင်း ဆက်သွယ်မှုအက် ဥပဒေ ၁၇ (၁)၊ (၂) ဖြင့်လည်းကောင်း၊ ကျန် ၁၇ ဦးမှာ ငြိမ်း၊စု၊စီဥပဒေ ၂၀၊ ရာဇသတ် ကြီးပုဒ်မ ၅၀၅ (ခ) တို့ဖြင့်ဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။
ဖေဖော်ဝါရီလအတွင်း စုစုပေါင်း ၇၁ ဦး ပြစ်ဒဏ်ချမှတ်ခံရပြီး ထိုအထဲတွင် ရတနာပုံကျောင်းသား ခုနစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၄၃၅၊ ငြိမ်း၊စု၊စီ ဥပဒေပုဒ်မ ၁၉ တို့ ဖြင့် ထောင်ဒဏ်၊ တောင်သူ သုံးဦး၊ ကချင် တက်ကြွ လှုပ်ရှားသူ တစ်ဦးနှင့် တနင်္သာရီဂျာနယ် အယ်ဒီတာချုပ်တို့သည် ငွေဒဏ်များ ချမှတ်ခံရပြီး ကရင်နီ တက်ကြွ လှုပ်ရှားသူ ၅၅ ဦးကို စွဲဆိုချက်များ ရုပ်သိမ်းရန် အမိန့်ချခဲ့ပြီး ဖေဖော်ဝါရီလအတွင်း လွတ်မြောက်သူ ၇၄ ဦး ရှိကြောင်း AAPP က အစီရင်ခံသည်။
“အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) ၊ နိုင်ငံတကာစာချုပ်ဖြစ်သည့် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR) ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) ပါ ပြဋ္ဌာန်းချက်များတွင် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ကို အကာအကွယ်ပေးထားသော်လည်း မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အခြေအနေသည် ဆက်လက်ကျဆင်းဆဲဖြစ်သည်ကို ဖေဖော်ဝါရီလအတွင်း တက်ကြွ လှုပ်ရှားသူ၊ ကျောင်းသား၊ အလုပ်သမားနှင့် အရပ်သားများ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရခြင်းများက ထင်ရှားစွာ ပြသလျက်ရှိသည်” ဟု AAPP က မှတ်ချက်ပြုသည်။
ထိုသို့ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်မှုများက အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို နှောင့်နှေးစေကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ကြောင်း ပြသသည့်အနေဖြင့် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ထားသူများကို အမြန်ဆုံး လွှတ်ပေးခြင်းဖြင့်လည်းကောင်း၊ ငြိမ်း၊စု၊ စီ ဥပဒေ၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)တို့ကို လက်နက်သဖွယ် အသုံးပြုနေခြင်းအား အဆုံးသတ်ရန်၊ ထိုဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးရန် တိုက်တွန်းပါကြောင်း AAPP က ဆိုသည်။
ဗဟိုအဆင့်ရှိ အကျဉ်းထောင်လေးခုတွင်နှင့် အသည်းရောင်အသားဝါ (TB) တို့ ဖြစ်ပွားနေသာ အကျဉ်းသားလူနာများကို ယခုနှစ်တွင် ပထမဆုံးအကြိမ် စတင်ကုသပေးခြင်း၊ အကျဉ်းသားကျပ်တည်းမှုများကို အဆောင်တိုးချဲ့ခြင်းများ၊ ထောင်အသစ် ဆောက်လုပ်ဖြေရှင်းခြင်းများကို တိုးတက်မှုအနေဖြင့် ကြိုဆိုပါကြောင်းနှင့် ဆက်လက်ပြီး အမှီအခိုကင်းသော အကျဉ်းထောင်စနစ်ကို တည်ဆောက်ရန် AAPP က တိုက်တွန်းသည်။ ဖေဖော်ဝါရီလအတွင်း ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ဖွဲ့စည်းနိုင်ခြင်း၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းများ ထုတ်ပြန်နိုင်ခြင်းတို့ကို မူဝါဒပိုင်းဆိုင်ရာတိုးတက်မှုအဖြစ်ရှုမြင်ကြောင်း AAPP က ဆိုသည်။ AAPP ၏ ဖေဖော်ဝါရီလ အစီရင်ခံစာ တွင် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများကိုလည်း ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
