၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ဆေးရုံတက်လူနာများ သေဆုံးမှု၏ ရာခိုင်နှုန်းထက်ဝက်ခန့်သည် မကူးစက်နိုင်သောရောဂါ နှင့် ရောဂါ၏ နောက်ဆက်တွဲပြဿနာများကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ အချက်အလက် များအရ သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၁၈ ခုနှစ် ခန့်မှန်းချက်များအရ မြန်မာနိုင်ငံ၌ သေဆုံးမှုများ၏ ရာခိုင်နှုန်း ၆၀ ခန့်သည်လည်း ကောင်း၊ ဝန်ကြီးဌာန၏၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ် ကျန်းမာရေး သတင်းအချက်အလက်များအရ ဆေးရုံတက်လူနာများ သေဆုံးမှု၏ ရာခိုင်နှုန်း ၅၀ ခန့်သည်လည်းကောင်း မကူးစက်နိုင်သောရောဂါနှင့် ရောဂါ၏နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။
မကူးစက်နိုင်သောရောဂါများ ဖြစ်စေ နိုင်သည့် အဓိကအကြောင်းအရာများကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်လျှော့ချနိုင်ရန် သီးသန့်စီမံချက်တစ်ခု ဖွဲ့စည်းလုပ်ဆောင် မည်ဖြစ်ကြောင်း အောက်တိုဘာ ၁၉ ရက်က နေပြည်တော်၌ပြုလုပ်သည့် 'မကူးစက်နိုင်သော ရောဂါများဆိုင်ရာ စီမံချက်မန်နေဂျာများနှင့် ညှိနှိုင်းအစည်းအဝေး' ပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားသည်။
ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှု၊ အရက်အလွန်အကျွံသောက်သုံးမှု၊ အဆီ၊ အငန် နှင့် အချိုလွန်ကဲစွာ စားသုံးမှု၊ ဘေးအန္တရာယ် ရှိသော ဆိုးဆေးနှင့် ဓာတုပစ္စည်းများပါဝင်သော စားသောက်ကုန်များ စားသုံးမှု၊ ကိုယ်လက်လှုပ်ရှားနည်းပါးသော ဘဝနေထိုင်မှုပုံစံ စသည့် မကူးစက်နိုင်သောရောဂါများ ဖြစ်စေနိုင်သည့် အဓိကအကြောင်းအရာများကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်လျှော့ချနိုင်ရေးအတွက် သီးသန့်စီမံချက်တစ်ခု ဖွဲ့စည်းတည်ထောင်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးဌာနအနေဖြင့် မကူးစက်နိုင်သော ရောဂါများနှင့်သက်ဆိုင်သည့် ကမ္ဘာ့ကျန်းမာရေး ညီလာခံများမှ သဘောတူညီဆုံး ဖြတ်ချက်များ၊ အရှေ့တောင်အာရှကျန်းမာရေး ဝန်ကြီးများ အစည်းအဝေးများမှ ကြေညာချက်များ စသည်တို့တွင်ပါဝင်သည့်အကြောင်းအရာ အချက်အလက်များမှ လုပ်ငန်းများကို လေ့လာ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လက်ရှိမြန်မာနိုင်ငံ အပါအဝင် မဟာမဲခေါင်ဒေသတွင်းရှိ နိုင်ငံများတွင် မကူးစက်တတ်သော ရောဂါများ ဖြစ် ပွားနှုန်းမြင့်တက်လျက်ရှိခြင်းကြောင့် ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။
ရောဂါဖြစ်ပွားနှုန်း မြင့်တက်လာမှုနှင့် အတူ နောက်ဆက်တွဲအနေဖြင့် လူမှုရေး၊ စီးပွားရေး ထိခိုက်မှုများလည်း ဖြစ်ပေါ်လျက်ရှိပြီး မြန်မာနိုင်ငံ၌ ရောဂါဖြစ်ပွားသေဆုံးမှု၏ ထက်ဝက်ကျော်မှာ မကူးစက်နိုင်သောရောဂါများ (ဆီးချို၊ သွေးချို၊ သွေးတိုး၊ ကင်ဆာ၊ သက် ကြီးရွယ်အိုစသည်) ကြောင့် ဖြစ်နေသည့်အတွက် ယင်းရောဂါများနှင့်ပတ်သက်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ကျေးရွာအရောက် လုပ်ဆောင်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
