စင်ကာပူအခြေစိုက် Sembcorp ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိခဲ့သည့် မြင်းခြံ ၂၂၅ မဂ္ဂါဝပ်သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံကို မတ် ၁၆ ရက်က စတင်ဖွင့်လှစ်လိုက်ပြီး ၂၃၀ ကေဗွီ မြင်းခြံ-သပြေဝ ဓာတ်အား လိုင်းဖြင့် ချိတ်ဆက်ကာ ဓာတ်အားစနစ်သို့ ပို့လွှတ်ဖြန့်ဖြူးထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မတ် ၁၆ ရက်က မြင်းခြံမြို့နယ် မြင်းခြံ သံမဏိစက်ရုံအနီးရှိ ၂၂၅ မဂ္ဂါ ဝပ် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားသည်။
“ယနေ့ ဖွင့်လှစ်တဲ့ ၂၂၅ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းကို ၂၀၁၃ ခုနှစ် အတွင်းမှာ International Competitive Bidding (ICB) စနစ်ဖြင့် တင်ဒါခေါ်ဆို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ တင်ဒါအောင်မြင်သော စင်ကာပူသမ္မတနိုင်ငံ အခြေစိုက်ကုမ္ပဏီဖြစ်တဲ့ Sembcorp ကုမ္ပဏီနဲ့ ၂၀၁၆ ခုနှစ် မတ်လမှာ ဓာတ်အားဝယ်ယူရေး စာချုပ် ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် မေ ၇ ရက်မှ စီးပွားဖြစ်စတင် ဓာတ်အားထုတ်လုပ်ခဲ့ပါတယ်။ ဒီစက်ရုံက ထွက်တဲ့ ဓာတ်အား ၂၂၅ မဂ္ဂါဝပ်ကို ၂၃၀ ကေဗွီမြင်းခြံ-သပြေ-ဓာတ်အားလိုင်းဖြင့် ချိတ်ဆက်ပြီး ဓာတ်အားစနစ်သို့ ပို့လွှတ် ဓာတ်အားဖြန့်ဖြူး ထားပါတယ်။ ဒါကြောင့်မို့ ဒီစက်ရုံဟာ ဓာတ်အားစနစ်မှ ဓာတ်အားရရှိတဲ့ မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများကို ဖြန့်ဖြူးပေးထားတဲ့ စက်ရုံများထဲက တစ်ရုံဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောကြားသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ မြင်းခြံဒေသ၊ အမှတ်(၁)သံမဏိစက်ရုံအနီး၌ IPP/BOT စနစ်ဖြင့် ၂၂၅ မဂ္ဂါဝပ်သဘာဝ ဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ စီမံကိန်းများကို ဆောင်ရွက်ခဲ့သည်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ လျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ်နိုင်ရန် မြင်းခြံအမှတ်(၁)သံမဏိစက်ရုံအနီးတွင် IPP ၉၀ မဂ္ဂါဝပ်ဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေးစက်ရုံအား V Power Holdings Ltd နှင့် ၂၀၁၈ခုနှစ် နိုဝင်ဘာ ၇ ရက် က စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖော် ၀ါရီ ၁ ရက်က စီးပွားဖြစ် စတင်ဓာတ်အား ထုတ်လုပ်နိုင်ခဲ့ကာ ၂၀၁၉ခုနှစ် မတ် ၃ ရက်၌ ဖွင့်လှစ်ခဲ့ကြောင်း၊အဆိုပါဓာတ်အားပေးစက်ရုံမှ ဓာတ်အား ၉၀ မဂ္ဂါဝပ်ကို ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် မြင်းခြံဒေသ၊ အမှတ်(၁)သံမဏိ စက်ရုံအနီး၌ IPP/BOT စနစ်ဖြင့် ၂၂၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို Sembcorp Myingyan Power Company နှင့် ၂၀၁၆ ခုနှစ် မတ် ၂၉ ရက်က စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၈ခုနှစ် မေ ၇ ရက်တွင် ပထမအဆင့်အနေဖြင့် လည်းကောင်း၊၂၀၁၈ခုနှစ် အောက်တိုဘာ ၂ ရက်တွင် ဒုတိယအဆင့်အနေဖြင့် လည်းကောင်း စီးပွားဖြစ် စတင်ဓာတ် အားထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါဓာတ်အားပေးစက်ရုံစီမံကိန်းမှာ သဘာဝဓာတ်ငွေ့သုံး (Gas Turbine) ၇၁ ဒသမ ၅ မဂ္ဂါဝပ်နှစ်လုံး၊ စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ(Stream Turbine Generation) ၈၂ မဂ္ဂါဝပ် တစ်လုံး တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၆ခုနှစ် မတ် ၂၉ ရက်က စတင်ဆောင်ရွက်ခဲ့ပြီး လိုအပ် သောသဘာဝဓာတ်ငွေ့ကို ရွှေကမ်းလွန်မှ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
