Top News

အလုံးစုံ မော်တော်ယာဉ်အာမခံ နုတ်ဖြတ်ငွေနှုန်းထားများ မတ် ၁၅ ရက်မှစ၍ တိုးမြှင့်ကောက်ခံ
24htopnews | December 2, 2024 2:12 AM CST

အလုံးစုံ မော်တော်ယာဉ်အာမခံနုတ် ဖြတ်ငွေ (Nil Excess) နှုန်းထားများအား မတ် ၁၅ ရက်မှစ၍ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ထံမှ သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး  ၁/၂၀၁၉  ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ရုုံးအမှတ် (၂၆) နေပြည်တော်တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး အထက်ပါ အလုံးစုံ မော်တော်ယာဉ်အာမခံ နုတ်ဖြတ်ငွေ (Nil Excess) နှုန်းထားများအား တိုးမြှင့်ကောက်ခံခွင့်ပြုပါရန် တင်ပြခြင်းကိစ္စအား အဆိုပါအစည်းအဝေးတွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ် သည်။

အစည်းအဝေး ဆုံးဖြတ်ချက်အရ အာမခံကုမ္ပဏီများအနေဖြင့် အလုံးစုံမော်တော်ယာဉ် အာမခံနုတ်ဖြတ်ငွေ (Nil Excess) နှုန်းထားအား ကိုယ်ပိုင်ယာဉ်ဆိုပါက အာမခံဝယ်ယူသည့်အခါနုတ်ဖြတ်ငွေ (Nil Excess) အဖြစ် ကျပ် ၅၀၀၀၊ လျော်ကြေးပေးလျော် သည့်အခါနုတ်ဖြတ်ငွေ (Nil Excess) အဖြစ် ကျပ် ၅၀၀၀၀၊ လုပ်ငန်းသုံးယာဉ်ဆိုပါက အာမခံဝယ်ယူသည့်အခါ နုတ်ဖြတ်ငွေ (Nil Excess) အဖြစ် ကျပ် ၁၀၀၀၀၊ လျော်ကြေး ပေးလျော်သည့်အခါ နုတ်ဖြတ်ငွေ (Nil Excess) အဖြစ် ကျပ် ၁၀၀၀၀၀ ကောက်ခံရမည်ဖြစ်ပြီး အာမခံဝယ်ယူသည့်အခါ နုတ်ဖြတ်ပြီးပါက လျော်ကြေးပေးသည့်အခါ နုတ်ဖြတ်ခြင်းမပြုရန် သတ်မှတ်ထားကြောင်း သိရသည်။

ယခင် ကောက်ခံသည့်နှုန်းထားမှာ ကိုယ်ပိုင်ယာဉ်ဆိုပါက အာမခံဝယ်ယူသည့် အခါနုတ်ဖြတ်ငွေ (Nil Excess) အဖြစ် ကျပ် ၂၀၀၀၊ လျော်ကြေးပေးလျော်သည့်အခါ နုတ်ဖြတ်ငွေ (Nil Excess) အဖြစ် ကျပ် ၂၀၀၀၀၊ လုပ်ငန်းသုံးယာဉ်ဆိုပါက အာမခံ ဝယ်ယူသည့်အခါ နုတ်ဖြတ်ငွေ (Nil Excess) အဖြစ် ကျပ် ၄၀၀၀၊ လျော်ကြေးပေးလျော်သည့်အခါ နုတ်ဖြတ်ငွေ (Nil Excess) အဖြစ် ကျပ် ၄၀၀၀၀ ကောက်ခံခဲ့ခြင်းဖြစ်သည်။

အာမခံကုမ္ပဏီများအနေဖြင့် အလုံးစုံ မော်တော်ယာဉ်အာမခံ၏ အဆိုလွှာ၊ ပေါ်လစီတို့တွင် အလုံးစုံမော်တော်ယာဉ် အာမခံနုတ် ဖြတ်ငွေ ကြိုတင်နုတ်ဖြတ်ရခြင်းနှင့် ကြိုတင်နုတ်ဖြတ်ခြင်းမပြုလျှင် အာမခံလျော်ကြေး ဖြစ်ပေါ်လာပါက နုတ်ဖြတ်ရသည့်နုတ်ဖြတ်ငွေ ပမာဏကို တိတိကျကျဖော်ပြထားရှိရန်  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ညွှန်ကြားထားသည်။

မြန်မာနိုင်ငံ အာမခံအသင်းအနေဖြင့် အထွေထွေအာမခံကုမ္ပဏီများမှ အလုံးစုံ မော်တော်ယာဉ်အာမခံ လက်ခံဆောင်ရွက်ရာတွင် အလုံးစုံမော်တော်ယာဉ်နုတ်ဖြတ်ငွေ တိုးမြှင့်ကောက်ခံခြင်းကို ၂၀၁၉ ခုနှစ် မတ် ၁၅ ရက်မှစ၍ ဆောင်ရွက်ရန်နှင့် အထက်ဖော်ပြပါ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်များနှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။

 


READ NEXT
Cancel OK