ယခုနှစ်တွင် တစ်ဦးချင်းဝင်ငွေ ၆ ဒသမ ၃ ရာခိုင်နှုန်းအထိ တိုးတက်ရန် မျှော်မှန်းထားကြောင်း၊ ဒုတိယသမ္မတဦးမြင့်ဆွေက မတ် ၁၆ ရက်တွင်ပြုလုပ်သည့် ချင်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန်ရည်ရွယ်သည့် ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲတွင် ပြောကြားသည်။
“အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ တွက်ချက်မှုအရ ၂၀၁၈ ခုနှစ်တွင် တစ်ဦးချင်းဝင်ငွေ တိုးတက်မှုနှုန်း ၅ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ၆ ဒသမ ၃ ရာခိုင်နှုန်း ရရှိဖို့ မျှော်မှန်းထားပါတယ်။ အခုလို တိုး တက် မှုတွေရရှိလာတာကတော့ မျှတပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို ဖန်တီးပေးတဲ့ ပြုပြင်ပြောင်းလဲမှုတွေက တစ်ဆင့် ကျွန်တော်တို့ရဲ့ စီးပွားရေးကို ပိုမို ပွင့်လင်းလာအောင် လုပ်ဆောင်နိုင်မှုကြောင့် ဖြစ်ပါတယ်” ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
ပြုပြင်ပြောင်းလဲမှုများတွင် ကုမ္ပဏီများ ဥပဒေအသစ်ပြဋ္ဌာန်းခြင်း၊ ဥပဒေနှင့် စည်းကမ်းမူဘောင်များကို ခေတ်မီအောင်ဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ငန်းများ လွယ်ကူ ချောမွေ့စေရေးကို မြှင့်တင်ခြင်း၊ ကုန်သွယ် မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ချက်များကို အထောက်အကူပြုနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အဖွဲ့များ၏ စွမ်းဆောင်ရည် ပိုမိုအားကောင်းလာရန် ဆောင်ရွက်ခြင်းနှင့် ဘဏ်လုပ်ငန်းများနှင့် ရင်းနှှီးမြှုပ်နှံမှု ကဏ္ဍ အပြောင်းအလဲများပါဝင်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
“လုပ်ကိုင်ခွင့်ပေးထားတဲ့ ပတ်ဝန်းကျင်ကို မြှင့်တင်ပေးခြင်းကလည်း မြန်မာအစိုးရ ရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေထဲက အဓိကမဏ္ဍိုင်ပဲဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တာက ကာလလတ်နဲ့ ကာလရှည်တွေမှာ အလုပ်အကိုင်တွေဖန်တီးပေးနိုင်ဖို့နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရေရှည် တည်တံ့စေဖို့ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဦးဆောင်နိုင်ဖို့ အဓိကရည်ရွယ်ခြင်းဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ပြုပြင်ပြောင်းလဲမှု အစီအစဉ်တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan) အား ရေးဆွဲပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ စီမံကိန်းရည်ရွယ်ချက်သည် စစ်မှန်၍အားလုံး ပါဝင်နိုင်ပြီး အသွင်ကူးပြောင်းသော စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုရရှိရန် အကောင်အထည် ဖော်နိုင်သည့် နည်းလမ်းများထုတ်ဖော်ရာတွင် တိုင်းပြည်၏ မူဝါဒရည်မှန်းချက်နှင့် အဖွဲ့အစည်းများအကြားတွင် အပြန်အလှန် ညီညွတ်မှုရှိစေရန်ဖြစ်ကြောင်း သိရသည်။
“ဒီစီမံကိန်းက တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် သင့်တော်တဲ့ လမ်းပြမြေပုံတစ်ခုအနေနဲ့ ဆောင်ရွက်နိုင်မှာဖြစ်တဲ့အပြင် နိုင်ငံအတွက် များစွာလိုအပ်နေတဲ့ စည်းလုံးညီညွတ်မှုကိုလည်း ရရှိစေဖို့ အတွက် ကတိကဝတ်ပြုထားတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
