လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာက အသင်းကွင်းလယ်ကစားသမား မတ်ဒီဆန်အား ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ရောင်းချသွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာက အသင်းကွင်းလယ်ကစားသမား မတ်ဒီဆန်အား ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ရောင်းချသွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အသက် (၂၃)နှစ်အရွယ်ရှိ အင်္ဂလန်ကွင်းလယ်လူ မတ်ဒီဆန်သည် ယခုရာသီတွင် လက်စတာအသင်းအတွက် ခြေစွမ်းပြနေကစားသူဖြစ်ပြီး ၎င်းကို ခေါ်ယူရန် မန်ယူအသင်းက စိတ်ဝင်စားနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
သို့သော် ဘရန်ဒန်ရော်ဂျာက မိမိတို့အနေဖြင့် မတ်ဒီဆန်ကို ရောင်းချသွားမည်မဟုတ်ဘဲ စာချုပ်သက်တမ်းတိုးရန်ပင် ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်။
"ကျွန်တော်တို့အနေနဲ့ မတ်ဆီဒန်ကို ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ရောင်းချသွားဖို့ အစီအစဉ်မရှိပါဘူး။ သူ့အနေနဲ့ လက်စတာအသင်းမှာ အချိန်အကြာကြီး ဆက်ရှိနေမှာဖြစ်ပြီး လက်ရှိမှာ စာချုပ်သစ်ချုပ်ဆိုဖို့တောင် အသင်းနဲ့ မတ်ဒီဆန်ရဲ့ ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးနေပါတယ်"ဟု ဘရန်ဒန်ရော်ဂျာက ပြောကြားခဲ့သည်။
လက်စတာအသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းနောက်ခံလူ မက်ဂွိုင်းရားကို မန်ယူအသင်းသို့ ပေါင်သန်း (၈၀) ဖြင့် လက်လွှတ်ခဲ့ရသော်လည်း ယခုအခါ မတ်ဒီဆန်ကို ရောင်းချရန် ဆန္ဒမရှိကြောင်း သိရသည်။
မတ်ဒီဆန်သည် ယခုရာသီတွင် လက်စတာအသင်းအတွက် ပြိုင်ပွဲစုံ (၂၃)ပွဲကစားရာ၌ (၉) ဂိုး သွင်းယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
