Top News

ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာမည်မဟုတ်ကြောင်း ရာဘီယူ ပြောကြား
24htopnews | December 2, 2024 2:12 AM CST

ဂျူဗင်တပ်စ်ကွင်းလယ်လူ ရာဘီယူက မိမိအနေဖြင့် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်ကွင်းလယ်လူ ရာဘီယူက မိမိအနေဖြင့် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၂၄)နှစ်အရွယ်ရှိ ရာဘီယူသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင်မှ PSG အသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသူဖြစ်သည်။ 

သို့သော် ရာဘီယူသည် ဂျူဗင်တပ်စ်အသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသဖြင့် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာဖွယ်ရှိနေသည်ဟု မီဒီယာများက ဖော်ပြနေကြပြီး ၎င်းကို ခေါ်ယူရန် အာဆင်နယ်အသင်းအပါအဝင် ဥရောပကလပ်များ စိတ်ဝင်စားနေကြောင်း သိရသည်။ 

ရာဘီယူက "ဂျူဗင်တပ်စ်အသင်းက ကျွန်တော် ထွက်ခွာသွားမှာ မဟုတ်ပါဘူး။ ၂၀၁၉ ခုနှစ်က ကျွန်တော့်အတွက် မလွယ်ကူခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ နည်းပြ ဆာရီနဲ့ အသင်းက ကျွန်တော့်အပေါ် ယုံကြည်မှုရှိတယ်လို့ ခံစားရပါတယ်။ ကျွန်တော့်အနေနဲ့ စီးရီးအေပြိုင်ပွဲမှာ အသားကျဖို့ ရုန်းကန်နေရပေမယ့် အကောင်းဆုံးကြိုးစားသွားမှာပါ"ဟု ပြောကြားခဲ့သည်။ 

ပြင်သစ်ကွင်းလယ်လူ ရာဘီယူသည် ယခုရာသီတွင် ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၃)ပွဲသာ ကစားထားရသေးကြောင်း ပြောကြားခဲ့သည်။ 

 


READ NEXT
Cancel OK