Top News

Nike နှင့်လက်တွဲရန် သဘောတူညီမှုရခဲ့ပြီဟု လီဗာပူးလ်အသင်း ကြေညာ
24htopnews | December 2, 2024 2:12 AM CST

လီဗာပူးလ်အသင်းသည် ကမ္ဘာကျော် အမေရိကန်အားကစားပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ Nike နှင့် စပွန်ဆာစာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိမှုရခဲ့ပြီဖြစ်ကြောင်း ဇန်နဝါရီ (၇) ရက်တွင် ကြေညာခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ကမ္ဘာကျော် အမေရိကန်အားကစားပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ Nike နှင့် စပွန်ဆာစာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း ဇန်နဝါရီ (၇) ရက်တွင် ကြေညာခဲ့သည်။ 

လီဗာပူးလ်အသင်းသည် Nike ထုတ် အားကစားဝတ်စုံများကို ၂၀၂၀ ခုနှစ်၊ ဇွန် (၁) ရက်မှ စတင်ကာ ဝတ်ဆင်သွားမည်ဖြစ်ပြီး နှစ်ရှည်စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ 

လီဗာပူးလ်အသင်း၏ ထုတ်ပြန်ချက်တွင် "လာမယ့် ၂၀၂၀-၂၁ ရာသီကစပြီး လီဗာပူးလ်အသင်းအနေနဲ့ Nike က ထုတ်လုပ်တဲ့ အားကစားပစ္စည်းတွေကို ဝတ်ဆင်သွားမှာပါ။ လီဗာပူးလ်အသင်းအနေနဲ့ Nike လို ကမ္ဘာကျော် အားကစားကုမ္ပဏီနဲ့ လက်တွဲခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်"ဟု ပါရှိသည်။ 

လီဗာပူးလ်အသင်းသည် Nike နှင့် ချုပ်ဆိုမည့် စာချုပ်အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း လီဗာပူးလ်အသင်းအနေဖြင့် တစ်နှစ်လျှင် ပေါင်သန်း (၈၀)အထိ ရဖွယ်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

ထို့ကြောင့် လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်တွင် အကျႌစပွန်ဆာကြေး အများဆုံးရအသင်းအဖြစ် ရပ်တည်နေသည့် မန်ယူအသင်းကိုပါ ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

မန်ယူအသင်းသည် ဂျာမနီအခြေစိုက် အားကစားထုတ်လုပ်ရေး ကုမ္ပဏီ Adidas နှင့် ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ချုပ်ဆိုထားပြီး တစ်နှစ်လျှင် စပွန်ဆာကြေး ပေါင် (၇၅)သန်း ရရှိနေသည်။ 

လီဗာပူးလ်အသင်းသည် လက်ရှိလက်တွဲနေသည့် New Balance နှင့်မူ တစ်နှစ်လျှင် ပေါင်သန်း (၃၀) သာ ရရှိခဲ့ကြောင်း သိရသည်။ 

 


READ NEXT
Cancel OK