Top News

စပိန်စူပါဖလားယှဉ်ပြိုင်ရန် ဆော်ဒီသို့ ထွက်ခွာသွားသည့် ရီးယဲလ်အသင်း၏လူစာရင်းတွင် တိုက်စစ်မှူး ဘန်ဇီမာနှင့် ဘေးလ်တို့ ပါဝင်ခဲ့ခြင်းမရှိ
24htopnews | December 2, 2024 2:12 AM CST

ရီးယဲလ်အသင်းသည် စပိန်စူပါဖလားပြိုင်ပွဲယှဉ်ပြိုင်ရန် တနင်္လာနေ့က ဆော်ဒီအာရေဗျနိုင်ငံသို့ ထွက်ခွာသွားရာတွင် တိုက်စစ်မှူး ဘန်ဇီမာနှင့် တောင်ပံကစားသမား ဂါရတ် ဘေးလ်တို့ ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရသည်။အဆိုပါကစားသမား(၂)ဦးစလုံးမှာ ဂီတာဖေးအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် နောက်ဆုံးလာလီဂါပွဲတွင် ပါဝင်ကစားခဲ့သော်လည်း ကျန်းမာရေးနှင့် ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ပြဿနာများ ကြောင့် စပိန်စူပါဖလားနှင့် လွဲချော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဘန်ဇီမာသည် ကြွက်သားဒဏ်ရာ ရရှိနေပြီး ဘေးလ်မှာ အသက်ရှူလမ်းကြောင်းနှင့်ပတ်သက်သည့်ဝေဒနာ ခံစား နေရခြင်းကြောင့် နည်းပြ ဇီဒန်းက စပိန်တွင် ချန်ထားရစ်ခဲ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ရီးယဲလ်အသင်းအနေဖြင့် တိုက်စစ်ပိုင်းတွင် အားနည်းချက်ရှိနိုင်ကြောင်း စပိန်မီဒီယာများက သုံးသပ်ခဲ့ကြသည်။ ဘန်ဇီမာသည် ယခုရာသီတွင် ရီးယဲလ်အသင်း၏ ပွဲစဉ်တစ်ပွဲတည်းကိုသာ လွဲချော်ခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြနေသူဖြစ်သောကြောင့် ရီးယဲလ်အသင်း၏တိုက်စစ် အားနည်းသွားနိုင်သည်ဟု သုံးသပ် နေကြခြင်းဖြစ်သည်။

စပိန်စူပါဖလားပြိုင်ပွဲကို ယခုရာသီတွင် ပုံစံသစ်ဖြင့် ပြောင်းလဲကျင်းပခြင်းဖြစ်ပြီး ရီးယဲလ်နှင့်အတူ ဘာစီလိုနာ၊ အက်သလက်တီကိုနှင့် ဗလင်စီယာ အသင်း(၄)သင်း ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အခြားအသင်းများမှာလည်း ဒဏ်ရာပြဿနာအချို့နှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။ ဘာစီလိုနာအသင်း၏ အဓိကဂိုးသမား စတီဂန်သည် ဒူးဒဏ်ရာ ကြောင့် စပိန်စူပါဖလားနှင့် လွဲချော်ရမည့်အခြေအနေရှိနေသလို၊ ဗလင်စီယာအသင်း၏ တိုက်စစ်မှူး ရိုဒရီဂိုမှာလည်း ရီးယဲလ်နှင့်ပွဲတွင် ပါဝင်ကစားနိုင်မည်မဟုတ်ကြောင်း သိရ သည်။ ဇန်နဝါရီလ(၈)ရက်မှ (၁၂)ရက်နေ့အထိ ကျင်းပသွားမည့် စပိန်စူပါဖလားပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းက ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းဖြစ်နေပြီး ရီး ယဲလ်အသင်းက ဒုတိယနေရာတွင် ရပ်တည်နေကြောင်းလည်း သိရသည်။

 

 


READ NEXT
Cancel OK