Top News

ဒီဇင်ဘာလ လာလီဂါအကောင်းဆုံးကစားသမားအဖြစ် ဆွာရက်ဇ် ရွေးချယ်ခံရ
24htopnews | December 2, 2024 2:12 AM CST

ဘာစီလိုနာအသင်း၏ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်သည် ဒီဇင်ဘာလအတွက် လာလီဂါအကောင်းဆုံးကစားသမား အဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။

ဆွာရက်ဇ်သည် ဒီဇင်ဘာလအတွင်း လာလီဂါ(၆)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာတွင် (၃)ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု(၆)ကြိမ် ပြုလုပ်ကာ ခြေစွမ်းပြခဲ့သောကြောင့် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

ဆွာရက်ဇ်သည် ၂၀၁၄ ခုနှစ်ကတည်းက လာလီဂါတွင်ကစားခဲ့သော်လည်း လအလိုက်အကောင်းဆုံးဆုကို ယခုတစ်ကြိမ်အပါအဝင် စုစုပေါင်း(၄)ကြိမ်သာ ရယူခဲ့ဖူးကြောင်း သိရသည်။

ယခုရာသီတွင် နိုဝင်ဘာလအတွက် လာလီဂါအကောင်းဆုံးကစားသမားဆုကိုလည်း မက်ဆီက ရရှိခဲ့သဖြင့် ဘာစီလိုနာကစားသမားများ (၂)လဆက်တိုက် ရယူနိုင်ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဆီဂန်ဒါတစ်လတာအကောင်းဆုံးဆုကို လက်စ်ပါမားစ်အသင်းမှ ကွင်းလယ်တိုက်စစ်ကစားသမား ဗီရာက ဆွတ်ခူးရရှိခဲ့သည်။


READ NEXT
Cancel OK