မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မြို့ခံပြိုင်ဘက် မန်ယူအသင်း သို့မဟုတ် ရီးယဲလ်အသင်းများကို ကိုင်တွယ်ခြင်းထက် ဂေါ့ဖ်သာကစားနေမည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
လိဂ်ဖလား ဆီမီးဖိုင်နယ်(ပထမအကျော့)အဖြစ် မန်ယူနှင့် မန်စီးတီးအသင်းမှာ ဇန်နဝါရီ ၇ ရက်(ယနေ့)တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဂွါဒီယိုလာက ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
''စီးတီးအသင်းကို လေ့ကျင့်ပေးပြီးနောက်မှာ ယူနိုက်တက်အသင်းကို ကျွန်တော် လေ့ကျင့်ပေးမှာ မဟုတ်ပါဘူး။ ရီးယဲလ်မက်ဒရစ်ကို ကျွန်တော် ဘယ်သောအခါမှ လေ့ကျင့်မပေးတာလိုမျိုးပေါ့။ အတိအကျတော့ မဟုတ်ပါဘူး။ ကျွန်တော့်အတွက် ကမ်းလှမ်းမှုတွေမရှိခဲ့ရင်တော့ မော်လ်ဒိုက်ကို သွားဖြစ်လိမ့်မယ်။ မော်လ်ဒိုက်လည်း သိပ်မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာ ဂေါ့ဖ်ကွင်းတွေ မရှိလို့ပါပဲ။ စပိန်မှာဆိုရင် ဒါဘီပွဲတွေက အက်စ်ပန်ညိုနဲ့ ရီးယဲလ်မက်ဒရစ်ပေါ့။ ဒီအင်္ဂလန်မှာတော့ ထိပ်တန်းအသင်းတွေက များပါတယ်။ တခြား တိုင်းပြည်တွေမှာလည်း တစ်သင်း၊ ဒါမှမဟုတ် နှစ်သင်းတည်း မဟုတ်ပါဘူး။ တခြားထိပ်တန်းအသင်းတွေရဲ့ပွဲကလည်း အရေး ကြီးပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်းပရိသတ်တွေအတွက် ယူနိုက်တက်ဆိုတာ ဘယ်လိုအဓိပ္ပာယ်မျိုးလဲဆိုတာ ကျွန်တော် နားလည်ပါတယ်''ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
ဂွါဒီယိုလာသည် ၂၀၁၁-၁၂ ရာသီအပြီးတွင် ဘာစီလိုနာနှင့်လမ်းခွဲခဲ့ပြီးနောက် ယင်းနှစ်နိုဝင်ဘာလအတွင်း မန်ယူနည်းပြ ဖာဂူဆန်နှင့် နယူးယောက်တွင်ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် တွေ့ဆုံခဲ့သောကြောင့် ဖာဂူဆန်၏နေရာဆက်ခံမည့်သူအဖြစ် ထိုအချိန်က ရေပန်းစားခဲ့သူလည်းဖြစ်သည်။
သို့သော် ၂၀၁၃ နှစ်စပိုင်းတွင် ဘိုင်ယန်မြူးနစ်ကိုကိုင်တွယ်ရန် အကြိုသဘောတူညီမှုရရှိခဲ့ကြောင်း ကြေညာမှုကြောင့် မန်ယူအသင်းနှင့်သတင်းများမှာ တစ်ခန်းရပ်သွားစေခဲ့သည်။
ဂွါဒီယိုလာသည် မန်စီးတီး အသင်းနှင့်ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ ၂၀၂၀-၂၀၂၁ ရာသီအပြီးတွင် ကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
