Top News

၃၂ နှစ်အတွင်း အကောင်းဆုံးရာသီဝက်ကာလ ခံစစ်စွမ်းဆောင်ရည်ကို ရီးယဲလ်အသင်း ပိုင်ဆိုင်
24htopnews | December 2, 2024 2:12 AM CST

လာလီဂါပြိုင်ပွဲ ရာသီဝက်ပွဲစဉ်အပြီးတွင် ဇယားထိပ်ဆုံးနေရာ၌ ဘာစီလိုနာနှင့်အတူ ပူးတွဲရပ်တည်နေသည့် ရီးယဲလ်မက်ဒရစ်အသင်းသည် ပေးဂိုး ၁၂ ဂိုးသာ ခွင့်ပြုထားရပြီး ၃၂ နှစ်အတွင်း အကောင်းဆုံးရာသီဝက်ကာလ ခံစစ်စွမ်းဆောင်ရည်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ ရီးယဲလ်အသင်းသည် ၁၉ ပွဲကစားအပြီးတွင် ၁၁ ပွဲနိုင်၊ ခုနစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ ရမှတ် ၄၀ ဖြင့် ဘာစီလိုနာအသင်းနှင့်အတူ ပူးတွဲ ဦးဆောင်လျက်ရှိပြီး ၄၉ ဂိုးသွင်းယူထားသည့် ဘာစီလိုနာအသင်းပြီးလျှင် ၃၆ ဂိုးဖြင့် ဒုတိယသွင်းဂိုးအများဆုံးအဖြစ် ရပ်တည်နေသလို ပေးဂိုးမှာလည်း ၁၂ ဂိုးသာရှိကာ အက်သလက်တီကိုအသင်းနှင့်အတူ ပေးဂိုးအနည်းဆုံးအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။

ရီးယဲလ်အသင်းအနေဖြင့် ပြီးခဲ့သည့်ရာသီက ရာသီဝက်ကာလအပြီးတွင် ၂၄ ဂိုးအထိ ခွင့်ပြုခဲ့ရသော်လည်း ယခုရာသီတွင်မူ ထက်ဝက်လျော့ကျသွားခြင်းဖြစ်ပြီး Clean Sheet (ဂိုးမပေး ရသည့်ပွဲ) အရေအတွက်လည်း ၁၀ ပွဲအထိ ရရှိထားသည်။ ယင်းကဲ့သို့ ခံစစ်ပိုင်းစွမ်းဆောင်ရည်တိုးတက်လာခြင်းမှာ ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမား ကော်တိုအာ၏ လက်စွမ်းတည်ငြိမ်လာမှုကြောင့်ဖြစ်ပြီး ၎င်းသည် ရာသီအစ လေးပွဲအပြီးတွင် ဂိုးကန်သွင်းမှု ၁၃ ကြိမ်အနက် ခုနစ်ကြိမ်သာ ကာကွယ်နိုင်ကာ ခြောက်ဂိုးခွင့်ပြုခဲ့ရသော်လည်း နောက်ပိုင်း ကစားသည့် ၁၂ ပွဲတွင် ဂိုးကန်သွင်းမှု အကြိမ် ၃၀ အနက် ၂၇ ကြိမ်အထိ ကာကွယ်နိုင်ခဲ့သလို သုံးဂိုးသာ ထပ်မံခွင့်ပြုခဲ့ရသည်။ အရန်ဂိုး သမား အာရီယိုလာမှာမူ ပွဲထွက်ကစားခွင့်ရ သည့် သုံးပွဲတွင် သုံးဂိုးခွင့်ပြုထားရသည်။

ရာသီဝက်ကာလအပြီးတွင် ပေးဂိုး ၁၂ ဂိုးသာ ရှိခြင်းမှာ ရီးယဲလ်အသင်းအတွက် ၁၉၈၇- ၁၉၈၈ ရာသီ (၁၂ ဂိုး) နောက်ပိုင်း ၃၂ နှစ်အတွင်း အကောင်းဆုံးစွမ်းဆောင်ရည်အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။ ထို့ပြင် ၁၆ ပွဲကစားအပြီးတွင် Clean Sheet ကိုးပွဲရရှိထားသည့် ဂိုးသမား ကော်တိုအာမှာလည်း ယခုရာသီအတွက် အကောင်း ဆုံးဂိုးသမားဆု (ဇာမိုရာဆု) ဆွတ်ခူးရရှိရန် အလားအလာကောင်းနေကြောင်း သိရသည်။

နောက်ဆုံးငါးနှစ်အတွင်း ရီးယဲလ်အသင်း၏ ရာသီဝက်ကာလ ခံစစ်စွမ်းဆောင်ရည်

    ရာသီ        ပွဲ    ပေးဂိုး    Clean Sheet    ဂိုးသမား

၂၀၁၅-၁၆        ၁၉ ပွဲ    ၁၈ ဂိုး    ၈ ပွဲ        နာဗတ်စ် (၁၇ ပွဲ)၊ ကာဆီလာ (၂ ပွဲ)

၂၀၁၆-၁၇        ၁၈ ပွဲ    ၁၇ ဂိုး    ၅ ပွဲ        နာဗတ်စ် (၁၂ ပွဲ)၊ ကာဆီလာ (၆ ပွဲ)

၂၀၁၇-၁၈        ၁၈ ပွဲ    ၁၇ ဂိုး    ၇ ပွဲ        နာဗတ်စ် (၁၁ ပွဲ)၊ ကာဆီလာ (၇ ပွဲ)

၂၀၁၈-၁၉        ၁၉ ပွဲ    ၂၄ ဂိုး    ၇ ပွဲ        ကော်တိုအာ (၁၆ ပွဲ)၊ နာဗတ်စ် (၃ ပွဲ)

၂၀၁၉-၂၀        ၁၉ ပွဲ    ၁၂ ဂိုး    ၁၀ ပွဲ        ကော်တိုအာ (၁၆ ပွဲ)၊ အာရီယိုလာ (၃ ပွဲ)


READ NEXT
Cancel OK