Top News

■ ရှောင်ဒိုက်ချ်လက်အောက်တွင် မကစားလိုသဖြင့် အသင်းပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု ဂရေး ပြောကြား
24htopnews | December 2, 2024 3:12 AM CST

အဲဗာတန်အသင်း၏ တောင်ပံတိုက်စစ်ကစားသမားဖြစ်သူ ဒီမာရိုင်း ဂရေးသည် အသင်းနည်းပြဖြစ်သူ ရှောင်ဒိုက်ချ်နှင့် အပြန်အလှန် ပြစ် တင်ဝေဖန်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဖတ်အသင်းထံသို့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ပြောင်းရွှေ့ကြေးကို နှစ်ဖက်အသင်းက အတိအကျ ကြေညာခြင်းမပြုခဲ့သော်လည်း သတင်းများကမူ ဂရေးသည် အယ်လ်အစ်တီဖတ်အသင်းထံသို ပြောင်းရွှေ့ကြေး ပေါင် (၈)သန်း၊ (၄)နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။ 

ဂရေးသည် အသင်းနည်းပြဖြစ်သူ ရှောင်ဒိုက်ချ်နှင့် ပြဿနာဖြစ်ပွားခဲ့ပြီး ရှောင်ဒိုက်ချ်က "လေ့ကျင့်ခန်းမလုပ်ချင်၊ အသင်းအ တွက် မကစားချင်တဲ့သူ"ဟု ပြစ်တင်ဝေဖန်ခဲ့သည်။ 

ဂရေးကမူ ဆိုရှယ်မီဒီယာမှတစ်ဆင့် "တကယ့်အမှန်တရားက ကျွန်တော့်ကလပ်အသင်းအတွက် ကွင်းတွင်း၊ ကွင်းပြင် ကျွန်တော် အ ပြည့်အဝ ပေးဆပ်ချင်တာပါ။ ဒါပေမဲ့ ကျွန်တော်က ပြီးခဲ့တဲ့ ကာလတစ်လျှောက်လုံး အသင်းပြောင်းရမယ်ဆိုတဲ့သတင်းတွေ ဆက်တိုက်တက်ခဲ့တယ်။ တကယ်တော့ ကျွန်တော်က အသင်းအတွက် ကစားပေးဖို့ အဆင်သင့်ပါ။ သူက ကျွန်တော့်ကို အသုံးမပြု ချင်ဘူး။ ကျွန်တော့်ဘက်ကလည်း လူသားတစ်ဦးအနေနဲ့တောင် လေးစားမှု မပြတဲ့သူရဲ့လက်အောက်မှာ မကစားချင်ပါဘူး"ဟု ဆိုခဲ့ခြင်းဖြစ်သည်။ 


READ NEXT
Cancel OK