Top News

အက်သလက်တီကိုမှထွက်ခွာရန် စဉ်းစားခဲ့ဟု ဂရီးဇ်မန်းဝန်ခံ
24htopnews | December 2, 2024 3:12 AM CST

အက်သလက်တီကိုအသင်း၏ ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဂရီးဇ်မန်းက မိမိအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှထွက်ခွာရန် စဉ်းစားခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။

အသက် (၃၂)နှစ်အရွယ်ရှိ ဂရီးဇ်မန်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီက အက်သလက်တီကိုအသင်းအတွက်ပြိုင်ပွဲစုံ (၄၆) ပွဲကစားခဲ့ရာတွင် (၁၆)ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ဥရောပထိပ် တန်းအသင်းများ၏ ပစ်မှတ်ထားခြင်းကိုခံခဲ့ရသူဖြစ်သည်။

ထို့ပြင် ဂရီးဇ်မန်းအား ခေါ်ယူရန် ဆော်ဒီအာရေဗျကလပ်အသင်းအချို့မှလည်း မြင့်မားသည့်လစာငွေဖြင့် ကမ်းလှမ်းမှုရှိခဲ့ကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

ဂရီးဇ်မန်းက "ပြီးခဲ့တဲ့နွေရာသီမှာ  ကောင်းမွန်တဲ့ကမ်းလှမ်းမှုတွေ၊ ဆက်သွယ်မှုတွေရှိခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အသင်းကထွက်ခွာဖို့စဉ်း စားခဲ့ပေမယ့် မိသားစုနဲ့ တိုင်ပင်ပြီးနောက်မှာတော့ အက်သလက်တီကိုမှာပဲ ဆက်နေဖို့ဆုံးဖြတ်ခဲ့တာပါ။ လက်ရှိမှာတော့ အသင်းနဲ့အတူအောင်မြင်မှုတွေရယူဖို့ပဲ ဆုံးဖြတ်ထားပါတယ်" ဟု ပြင်သစ်မီဒီယာ GFFN သို့ဖြေကြားခဲ့သည်။


READ NEXT
Cancel OK