လီဗာပူးလ်ဂန္ထဝင်ကစားသမား ကာရေဂါသည် လီဗာပူးလ်ကြယ်ပွင့် တိုက်စစ်ကစားသမား ဆာလာအနေဖြင့် မကြာမီ အသင်းမှ ထွက်ခွာနိုင်သည်ဟု မှတ်ချက်ပြုခဲ့ကြောင်းသိရသည်။
အသက် (၃၁) နှစ်အရွယ်ရှိ အီဂျစ်အသင်းခေါင်းဆောင် ဆာလာသည် လီဗာပူးလ်အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး ၎င်းကို ခေါ်ယူရန် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းက ပစ်မှတ်ထားနေသည်။
ထို့ကြောင့် ကာရေဂါက ဆာလာအနေနဖြင့် လီဗာပူးလ်အသင်းတွင် စာချုပ်သက်တမ်းကုန်ဆုံးသည့်အထိ ဆက်နေဖွယ်မရှိဘဲ လာမည့်ဇန်နဝါရီ သို့မဟုတ် ၂၀၂၄ နွေရာသီတွင် အသင်းမှထွက်ခွာနိုင်ကြောင်း သုံးသပ်ခဲ့ခြင်းဖြစ်သည်။
"ဆာလာအနေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ အသင်းမှာ ဆက်ရှိနိုင်ပါ့မလားဆိုရင် မသေချာတဲ့ကိစ္စတစ်ခုလို့ ဆိုရမှာပါ။ ဒီတစ်ရာသီတော့ သူ့ကို လီဗာပူးလ်အသင်းမှာ မြင်ရမှာဖြစ်ပေမဲ့ လာမယ့်နွေရာသီ အသင်းကထွက်ခွာလိမ့်မယ်လို့ ထင်မိပါတယ်}}ဟု ကာရေဂါက ဆိုခဲ့သည်။
ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းသည် ဆာလာအား ယခုနွေတွင် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၂၁၅) သန်းဖြင့် ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း လီဗာပူးလ်အသင်းက ပယ်ချခဲ့သဖြင့် အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ခြင်းမရှိပေ။
သို့သော် အယ်လ်အစ်တီဟတ်အသင်းအနေဖြင့် အာရပ်ကမ္ဘာတွင် အကျော်ကြားဆုံးဖြစ်သည့် ဆာလာအား ခေါ်ယူမည့်အစီအစဉ်ကို လက်လျှော့ဖွယ်မရှိဘဲ လာမည့်ဇန်နဝါရီတွင် ထပ်မံကြိုးစားဖွယ်ရှိကြောင်း မီဒီယာများက ဖော်ပြနေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
