အက်သလက်တီကိုအသင်း၏ ပြင်သစ်တိုက်စစ်မှူး ဂရီးဇ်မန်းက PSG အသင်းတွင် ဘာပေ ဆက်ရှိနေခြင်းကြောင့် ပျော်ရွှင်မိကြောင်း ပြောကြားခဲ့သည်။
ဘာပေသည် ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလအတွင်း ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သော်လည်း PSG ၌ ဆက်ရှိနေခဲ့ခြင်းဖြစ်သည်။
ဂရီးဇ်မန်းက "သူ (ဘာပေ)က ရာသီသစ်တစ်ခုကို ပုံစံကောင်းနဲ့စတင်နိုင်ခဲ့ပြီး ထိပ်တန်းကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါဟာ PSG အတွက် တကယ်ကောင်းပါတယ်။ သူ PSG မှာ ဆက်ရှိတဲ့အတွက်လည်း ကျွန်တော့်အနေနဲ့ ကျေနပ်ပျော်ရွှင်မိပါတယ်"ဟု ပြောကြားခဲ့သည်။
အသက် (၂၄) နှစ်အရွယ်ရှိ ဘာပေသည် ယခုရာသီကုန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိတွင် စာချုပ်သစ် ချုပ်ဆိုရန် ဆွေးနွေးနေကြောင်း သိရှိရသည်။
ထို့ပြင် ဘာပေအနေဖြင့် PSG အသင်းမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာမည်မဟုတ်ဟု ကတိပေးထားကြောင်းလည်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
