Top News

■ အာဆင်နယ်မှထွက်ခွာရန် စမစ်ရိုးကို အဘွန်လဟော် တိုက်တွန်း     
24htopnews | December 2, 2024 3:12 AM CST

အက်စတွန်ဗီလာကစားသမားဟောင်း အဘွန်လဟော်က အာဆင်နယ်ကွင်းလယ်လူ စမစ်ရိုး(၂၃ နှစ်)အား အသင်းမှ ထွက်ခွာရန် အကြံပြုတိုက်တွန်းခဲ့သည်။ 

စမစ်ရိုးသည် ပြီးခဲ့သည့်ရာသီမှစတင်၍ ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့ရပြီး ယခုရာသီတွင်လည်း အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ်များတွင် တစ်ပွဲမျှ ပါဝင်ကစားခွင့်မရသေးချေ။ 

အဘွန်လဟော်က "ဟာဗက်ဇ်ကစားနေတဲ့ No.8 နေရာက စမစ်ရိုးအတွက် ပိုသင့်တော်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ပွဲထွက်ခွင့်တွေရရှိဖို့ဆိုရင် စမစ်ရိုးအနေနဲ့ ပယ်လ်မာလိုပဲ အသင်းပြောင်းသင့်ပါပြီ"ဟု ဆိုခဲ့သည်။

အသက် (၂၃) နှစ်အရွယ်ရှိ စမစ်ရိုးသည် အာဆင်နယ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၀-၂၁၊ ၂၀၂၁-၂၂ ရာသီများတွင် နာမည်ရလာသူဖြစ်သည်။ 

သို့သော် ၎င်းသည် ဒဏ်ရာပြဿနာများနှင့် ကြုံတွေ့ခဲ့ရပြီးနောက် ပြီးခဲ့သည့်ရာသီက အာဆင်နယ်အတွက် ပြိုင်ပွဲစုံ (၁၄) ပွဲသာ ကစားခွင့်ရခဲ့ပြီး ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပေ။ 


READ NEXT
Cancel OK