ဖီအိုရင်တီးနားအသင်းမှ မန်ယူအသင်းသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့လာသည့် မော်ရိုကို ကွင်းလယ်လူ အမ်ရာဘတ်က မန်ယူအသင်းသို့ ပြောင်းရွှေ့နိုင်ခဲ့၍ ကျေနပ်ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ဖီအိုရင်တီးနားအသင်း၏ကွင်းလယ်လူ အမ်ရာဘတ်အား တစ်ရာသီအငှားစာချုပ်အတွက် ပေါင် (၁၀)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရာသီကုန်တွင် အပြီးသတ်စာချုပ်ခေါ်ယူလိုပါက ယူရို သန်း (၂၀) အပြင် အပိုထပ်ဆောင်းငွေအဖြစ် ယူရို (၅)သန်းကိုပါ ပေးချေသွားရန် သဘောတူညီမှုဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
အမ်ရာဘတ်သည် မန်ယူအသင်းသို့ အပြောင်းအရွှေ့နောက်ဆုံးရက်မှ ရောက်ရှိလာခြင်းဖြစ်ပြီး ကျောနံပါတ် (၄) ဂျာစီကို ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း သိရသည်။
အမ်ရာဘတ်က "အရမ်းဂုဏ်ယူမိပါတယ်။ မန်ယူအသင်းပရိ သတ်တွေကို ပျော်ရွှင်မှုပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။ ပေါလ်စခိုး၊ ရွိုင်ကင်းနဲ့ ဘက်ခမ်တို့က ကျွန်တော် ကြိုက်နှှစ်သက်တဲ့ ကွင်းလယ်ကစားသမားတွေပါပဲ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
