Top News

■ ၂၀၂၃ Ballon d'Or ဆုကို ရရှိရန် မက်ဆီ အပြတ်အသတ် ရေပန်းစားနေ
24htopnews | December 2, 2024 3:12 AM CST

၂၀၂၃ Ballon d'Or  အမျိုးသားအကောင်းဆုံးဆုအတွက် အာဂျင်တီးနားနှင့်အတူ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူထားသည့် မက်ဆီက ရရှိရန် သေချာသလောက်ဖြစ်နေကြောင်း သိရသည်။ 

လောင်းကစားကုမ္ပဏီများ၏ Ballon d'Or ဆု အလေးပေးချက်များတွင်လည်း မက်ဆီက ပြိုင်ဘက်များကို အပြတ်အသတ်ဖြတ်ကာ ရေပန်းစားလျက်ရှိသည်။ 

William Hill မှ ထုတ်ပြန်ထား သည့် အလေးပေးချက်တွင် မက်ဆီက ၁း၈ လေးရှိနေပြီး ဟော်လန်းက ၁ဝး၃ လေး၊ ရိုဒရီက ၄ဝး၁ လေး၊ ဒီဘရိုင်း နားက ၅ဝး၁ လေး၊ ဗင်နီစီယပ်စ်က ၅ဝး၁ လေး၊ ဘယ်လင် ဟမ်က ၆၆း၁ လေး၊ ဘာပေက ၆၆း၁ လေး၊ ဟာရီကိန်းက ၈ဝး၁ လေးဖြင့် အသီးသီးရှိနေကြသည်။ 

မက်ဆီသည် Ballon d'Or  အကောင်းဆုံးဆုကို ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၅၊ ၂၀၁၉၊ ၂၀၂၁ ခုနှစ်များက (၇)ကြိမ်ရရှိ ထားပြီး ယခုနှစ်နှင့်ဆိုလျှင် စံချိန်တင် (၈)ကြိမ်မြောက် ရရှိမည်ဖြစ်သည်။


READ NEXT
Cancel OK