Top News

■ ဥရောပကလပ်အသင်းများအဖွဲ့ချုပ် (ECA) ၏ ဘုတ်အဖွဲ့ဝင်အဖြစ် မန်စီးတီးအမှုဆောင်ချုပ် ဆိုရီယာနို မဲပေးရွေးချယ်ခံရ     
24htopnews | December 2, 2024 3:12 AM CST

မန်စီးတီးအသင်း၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဆိုရီယာနိုသည် ဥရောပကလပ်အသင်းများအဖွဲ့ချုပ် (ECA) ၏ ဘုတ်အဖွဲ့ဒါရိုက်တာတစ် ဦးအဖြစ် မဲပေးရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။

    

ECA သည် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) နှင့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) တို့၏ အသိအမှတ် ပြုခံထားရသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သော်လည်း ယင်းအဖွဲ့အစည်းများနှင့်မသက်ဆိုင်ဘဲ လွတ်လပ်စွာ ရပ်တည်နေသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။ 

ဥရောပထိပ်တန်းကလပ်အသင်းကြီးများက ဦးဆောင်ကာ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင် ပြင်သစ် ကလပ် PSG အသင်း၏ ဥက္ကဋ္ဌဖြစ်သူ အယ်လ်ခီလိုင်ဖီက ECA၏ ဥက္ကဋ္ဌအဖြစ်လည်း ပူးတွဲတာဝန်ယူထားသည်။

    

ဆိုရီယာနိုသည် ၂၀၂၃ မှ ၂၀၂၇ အထိ (၄)နှစ်သက်တမ်းအတွက် ဘုတ်အဖွဲ့ဒါရိုက်တာရွေးကောက်ပွဲတွင် မဲအရေအတွက်အများဆုံးရကာ ရွေးချယ်ခံရခြင်းဖြစ်ပြီး ဥရောပ ကလပ်အသင်းများ၏ အခက်အခဲများအတွက် အကောင်းဆုံးရပ်တည် သွားနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK