ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အ သင်းသည် လီဗာပူးလ်အသင်းမှ အီဂျစ်တိုက်စစ်ကစားသမား ဆာလာကို ပရီးမီးယားလိဂ်၏ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းသွားရန် စီစဉ်နေကြောင်း သိရသည်။
အယ်လ်အစ်တီဟတ်အသင်းသည် ဆာလာကို ကမ္ဘာ့စံချိန်တင် လစာနှုန်းထားဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း ပြီးခဲ့သည့်ရက် ပိုင်းအတွင်း သတင်းထွက်ခဲ့ပြီးနောက် ယခုအခါ လီဗာပူးလ်အသင်း ငြင်းဆန်ရခက်စေမည့် ပြောင်းရွှေ့ကြေးအသုံးပြုရန်ပါ စီစဉ်နေကြောင်း သတင်းထပ်ထွက်လာခဲ့သည်။
ပရီးမီးယားလိဂ်မှ ရောင်းထုတ်ခဲ့သော ကစားသမားများထဲတွင် ပြောင်းရွှေ့ကြေးတန်ဖိုးအမြင့်ဆုံးအဖြစ် ရပ်တည်နေသူမှာ ၂၀၁၈ ခုနှစ်က လီဗာပူးလ်အသင်းမှ ဘာစီလိုနာအသင်းသို့ ပေါင်သန်း (၁၃၀)ဖြင့် ပြောင်းရွှေ့ခဲ့သည့် ကော်တင်ဟိုဖြစ်သည်။
The Telegraph သတင်းစာ၏ ဖော်ပြမှု အရ အယ်လ်အစ်တီဟတ်အသင်းသည် ဆာလာအတွက် ပြောင်းရွှေ့ကြေးကို Add-ons ကြေးများအပါအဝင် ပေါင်သန်း(၁၅၀)အထိ အသုံးပြုသွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
အယ်လ်အစ်တီဟတ်အသင်းသည် ဥရောပဘောလုံးလောက၏ အပြောင်းအရွှေ့ နောက်ဆုံးနေ့ဖြစ်သော စက်တင်ဘာ(၁)ရက် (ယနေ့)တွင် ဆာလာကို ကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်ပြီး လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်ကမူ ရောင်းထုတ်လိုခြင်းမရှိဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
