■ ဆော်ဒီလိဂ်သို့ ပြောင်းရွှေ့ကစားသူများကို ဆယ်ဖာရင် ဝေဖန်မှုပြုလုပ်
24htopnews | December 2, 2024 6:12 AM CST
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)၏ ဥက္ကဋ္ဌဖြစ်သူ ဆယ်ဖာရင်က ဆော်ဒီလိဂ်သို့ ပြောင်းရွှေ့ကစားသည့် ကစားသမားများကို ဝေဖန်ပြစ်တင်မှုပြုလုပ်ခဲ့သည်။
ထို့ပြင် ဆော်ဒီလိဂ်သည် ဥရောပဘောလုံးလောကအတွက် အန္တရာယ်ပေးနိုင်သည့်အဆင့်သို့ ရောက်ရှိလာမည်မဟုတ်ကြောင်းနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ပြုမည် မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။
"အကောင်းဆုံးခြေစွမ်းရောက်နေတဲ့ ကစားသမားတွေက ဆော်ဒီလိဂ်ကို ပြောင်းချင်မှာ မဟုတ်ပါဘူး။ ရည်မှန်းချက်နည်းပါးတဲ့သူတွေပဲ ပြောင်းရွှေ့ကြမှာပါ"ဟု ဆယ်ဖာရင်က ပြောကြားခဲ့သည်။
ဆော်ဒီပရိုလိဂ်သည် ၂၀၂၂ ဒီဇင်ဘာတွင် နာမည်ကျော် ကစားသမား စီရော်နယ်လ်ဒိုကို ခေါ်ယူပြီးနောက်ပိုင်း ယခုနွေတွင် နေမာ၊ ဘန်ဇီမာ၊ ကွန်တေအပါအဝင် နာမည်ကြီးကစားသမားအများအပြားကို ခေါ်ယူထားသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
