■ လူကာကူနှင့် ရိုးမားအသင်းကို ရင်ဆိုင်ရန်အသင့်ရှိနေသည်ဟု ပီအိုလီ ဆို
24htopnews | December 2, 2024 6:12 AM CST
အေစီမီလန်အသင်း၏နည်းပြ ပီအိုလီက ယခုတစ်ပတ် စီးရီးအေပြိုင်ပွဲတွင် လူကာကူနှင့် ရိုးမားအသင်းကို ရင်ဆိုင်ရန် အသင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။
ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူသည် ရိုးမားအသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး သောကြာနေ့(ယနေ့) ယှဉ်ပြိုင်ကစားမည့် ရိုးမားနှင့်ပွဲတွင် ပါဝင်လာဖွယ်ရှိသည်။
ထို့ကြောင့် ပီအိုလီအား မေးမြန်းခဲ့ရာ ၎င်းက "ဒါက ကျွန်တော်တို့အတွက် ကြောက်လန့်စရာ မဟုတ်ပါဘူး။ ရိုးမားကွင်းက ခက်ခဲတတ်ပေမဲ့ ကျွန် တော်တို့ ရင်ဆိုင်ဖို့အသင့်ရှိနေပါတယ်"ဟု ပြောကြားခဲ့သည်။
ရိုးမားအသင်းသည် ချယ်လ်ဆီးအသင်းမှ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကို တစ်ရာသီအငှားဖြင့် ခေါ်ယူခဲ့သည်။
လူကာကူသည် ရိုးမားအသင်းတွင် ကျောနံပါတ် (၉၀) ကို ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
