Top News

■ PSG အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုရန် ဘာပေ စီစဉ်နေသော်လည်း လာမည့်နွေရာသီ၌ ထွက်ခွာခွင့်ရမည့်အချက် ပါဝင်
24htopnews | December 2, 2024 6:12 AM CST

PSG အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဘာပေသည် လက်ရှိအသင်း နှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေသော်လည်း လာမည့် နွေရာသီ၌ အသင်းမှထွက်ခွာခွင့်ရရှိမည့် သဘောတူညီချက် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

    

ဘာပေသည် လာမည့်နွေရာသီ တွင် ရီးယဲလ်အသင်းနှင့် စာချုပ်သက် တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းက သက်တမ်းတိုးတော့မည်မဟုတ်ဘဲ လမ်းခွဲမည်ဖြစ်ကြောင်း အသင်းတာဝန်ရှိသူများကို အသိပေးခဲ့သောကြောင့် တင်းမာမှုများရှိခဲ့သည်။ 

PSG အသင်းတာဝန်ရှိသူများက ၎င်းကို ရောင်းထုတ်ရန် စီစဉ်ခဲ့သော် လည်း ၎င်းက ထွက်ခွာမည်မဟုတ်ဟု ငြင်းဆန်ခဲ့ပြီးနောက် ယခုအခါ အသင်းနှင့် သက်တမ်းတိုးတော့မည်ဟု သတင်းထွက်လာခဲ့ခြင်းဖြစ်သည်။ 

ဘာပေသည် PSG အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုသွားမည်ဖြစ်သော်လည်း အဆိုပါစာချုပ်၌ လာမည့်နွေရာသီတွင် ၎င်းအနေဖြင့် အသင်းမှ ထွက်ခွာလိုပါက ထွက်ခွာခွင့်ပြုရမည့်သ ဘောတူညီချက်ပါဝင်ကြောင်း သိရသည်။ 

ဘာပေသည် ရီးယဲလ်အသင်း သို့ ပြောင်းရွှေ့ကစားရန် စိတ်အားထက်သန်နေသူဖြစ်သော်လည်း PSG အသင်းထံမှရရှိမည့် ဆုကြေးများကို မက်မောနေသောကြောင့် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။ 


READ NEXT
Cancel OK