Top News

■ စီးရီးအေပွဲစဉ် (၃)  ပွဲကြိုသုံးသပ်ချက် 
24htopnews | December 2, 2024 6:12 AM CST

ဆာဆူအိုလို - ဗီရိုနာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁ ရက် ည ၁၁:၀၀ နာရီ)

ဆာဆူအိုလိုက ရှုံးပွဲဆက်နေပေမဲ့ ပွဲကျပ်တွေ ကစားခဲ့ရတာဖြစ်ပြီး နိုင်ပွဲအတွက် အာရုံပြန်စိုက်ရတော့မယ့် အချိန်အခါလည်း ဖြစ်တယ်။ ဒီရာသီမှာ ဗီရိုနာက ပိုကောင်းလာပေမဲ့ ဆာဆူအိုလို နိုင်ပွဲစရလိမ့်မယ်။



ရိုးမား - အေစီမီလန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂ ရက် နံနက် ၁:၁၅ နာရီ)

မော်ရင်ဟိုရဲ့ ရိုးမားက ရာသီအစပွဲစဉ်တွေမှာတင် စိတ်ပျက်စရာတွေ ကြုံနေရပြီ။ ကစားပုံက နားလည်မှုလိုအပ်ချက်တွေရှိနေပြီး ကစားသမားသစ်တွေနဲ့ အသားကျဖို့ အချိန်ယူရဦးမယ့်ပုံလို့ ပြောလို့ရတယ်။ အေစီမီလန်က ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းတဲ့ ပုံစံပြနေပြီး ကစားသမားသစ် ပူလီဆစ်ကိုယ်တိုင် စီးရီးအေနဲ့ အံဝင်ခွင်ကျကစားနိုင်တာကို တွေ့ရတယ်။ ဂျရူး ဂိုးမြူးနေပြီး အေစီမီလန်ရဲ့ တိုက်စစ်အစုအဖွဲ့က အားရစရာကောင်းပါတယ်။ ဒါပေမဲ့ ခံစစ်ပိတ်ဆို့ကစားလာမယ့် ရိုးမားကြောင့် ဒီပွဲမှာ အေစီမီလန်ရဲ့ တိုက်စစ်ကစားပုံအလုပ်ဖြစ်မလား စောင့်ကြည့်ရမယ်။ သရေကျဖို့များတယ်။


READ NEXT
Cancel OK