ဆော်ဒီကလပ် အယ်လ်နာဆာအသင်း၏ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ယခုရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ၏ သြဂုတ်လအတွက် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ကြောင်း သိရသည်။
၂၀၂၃-၂၄ ရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲကို သြဂုတ်(၁၁)တွင် စတင်ကျင်းပခဲ့ပြီး သြဂုတ်လအတွင်း ပွဲစဉ်(၄)ပွဲ ယှဉ်ပြိုင်ခဲ့ကြသည်။
အယ်လ်နာဆာအသင်းသည် အဆိုပါပွဲစဉ်(၄)ပွဲ၌ (၂)ပွဲနိုင်၊ (၂)ပွဲရှုံးနိမ့်ခဲ့သော်လည်း စီရော်နယ်လ်ဒိုမှာမူ (၅)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၂)ကြိမ် ပြုလုပ်နိုင်ခဲ့သည်။
ထို့ကြောင့် စီရော်နယ်လ်ဒိုသည် ယခုရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဦးဆောင်နေသလို၊ ဂိုးဖန်တီးမှုအများဆုံးစာရင်းတွင်လည်း အခြားကစားသမား(၈)ဦးနှင့်အတူ ပူးတွဲဦးဆောင်လျက်ရှိသည်။
ထို့ကြောင့် သြဂုတ်လအတွက် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
စီရော်နယ်လ်ဒိုသည် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲသို့ ပြီးခဲ့သည့်ရာသီကတည်းက ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလတွင် လအလိုက်အကောင်းဆုံးကစားသမားဆု တစ်ကြိမ်ရရှိခဲ့ဖူးသည်။
ယခုဆုမှာ ၎င်းအတွက် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
