ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟာရီကိန်းသည် ဒေါ့မွန်အသင်းနှင့်ကစားခဲ့သည့် Der Klassiker ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ပြီး လေဗာကူဆင်အသင်းနှင့်ကစားရမည့် ဂျာမန်ဖလားပွဲ၌ ပါဝင်နိုင်ရန် မသေချာသေးကြောင်း သိရသည်။
ဂျာမန်ဘောလုံး၏ အဓိကပြိုင်ဘက် နှစ်သင်းဖြစ်သည့် ဒေါ့မွန်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့၏ Der Klassiker ပွဲစဉ်ကို နိုဝင်ဘာ ၃၀ ရက်က ယှဉ်ပြိုင်ကစားရာ (၁-၁) ဂိုးစီ သရေကျခဲ့သည်။ ဟာရီကိန်းသည် ယင်းပွဲတွင် ယာဘက်ခြေထောက်ဒဏ်ရာရရှိခဲ့ သောကြောင့် ပထမပိုင်း ၃၃ မိနစ်မှာပင် လူစားလဲခဲ့ရသည်။
၎င်း၏ဒဏ်ရာမှာ ပြင်းထန်မှု မရှိသော်လည်း ဂျာမန်ဖလားပွဲအမီ ကြံ့ခိုင်မှု ပြည့်ဝရန် မသေချာကြောင်း နည်းပြဖြစ်သူ ကွန်ပနီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။ "ဟာရီက အရမ်းပြင်းထန်တယ်လို့ မခံစားရဘူး ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။ Scan စစ်ဆေးရမှာ ဖြစ်ပြီး အဲဒါမှ ကျွန်တော်တို့ ပိုပြီးသိရမှာပါ။ ဒါပေမဲ့ အင်္ဂါနေ့ပွဲအတွက် တော်တော်လေး အကျပ်အတည်းဖြစ်မှာ သေချာပါတယ်။ မြန်မြန်ပြန်ကောင်းလာတတ်တဲ့ ကစားသမား တော်တော်များများကို ကျွန်တော်မသိပါဘူး။ ဟာရီရဲ့သွင်းဂိုးတွေက အစားထိုးဖို့ အရမ်းခက်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့လူစာရင်းကို ယုံကြည်မှုရှိတယ်လို့ အစကတည်းက ကျွန်တော်ပြောထားပြီးသားပါ" ဟု ကွန်ပနီက ဆိုသည်။
ဘိုင်ယန်မြူးနစ်နှင့် လေဗာကူဆင် အသင်းသည် ဂျာမန်ဖလားပြိုင်ပွဲ ၁၆ သင်း အဆင့်အဖြစ် ဒီဇင်ဘာ ၃ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
