နိုဝင်ဘာ ၃၀ ရက်က မြန်မာနိုင်ငံတွင် ထိုင်းငါးဖမ်းသင်္ဘော များမှ သင်္ဘောသား ၃၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သင်္ဘော သားတစ်ဦးသေဆုံးခဲ့ကြောင်း ထိုင်း ရေတပ် တပ်မှူးတစ်ဦးက ပြောကြားခဲ့သည်။
ထိုင်းသင်္ဘောသားတစ်ဦးသေဆုံးခဲ့ပြီး သင်္ဘောသား ၃၁ ဦးသည် မြန်မာနိုင်ငံအတွင်း သို့ခေါ်ဆောင်ခံသွားရကြောင်း ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းပြည်နယ်ရှိ ရေတပ်တပ်မှူးတစ်ဦးဖြစ်သူ ဆူဝတ် ဒွန်ဆာကူလ်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့ သည်။
အဆိုပါ ထိုင်းသင်္ဘောသားများကို မည် သူက ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဆိုခြင်းကိုမူ ၎င်းင်းက အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပေ။
နိုဝင်ဘာ ၃၀ ရက်တွင် ထိုဖြစ်စဉ်ဖြစ်ပွား သည့်အချိန်က မြန်မာ့ရေပိုင်နက်အတွင်း ထိုင်းငါးဖမ်းသင်္ဘောအချို့ရှိခဲ့ကြောင်း ဆူ ဝတ်က ပြောကြားခဲ့သည်။
သေဆုံးသူသည် တိုက်ခိုက်မှုဖြစ်ပွားချိန် အတွင်း ရေထဲခုန်ချရာမှ ရေနစ်သေဆုံးခဲ့ ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
ဖမ်းဆီးခံထားရသည့် သင်္ဘောသားများ ပြန်လည်လွတ်မြောက်စေရန်အတွက် မြန်မာ အာဏာပိုင်များနှင့် ဆွေးနွေးညှိနှိုင်းမှုများပြု လုပ်ရန် ဒေသခံအာဏာပိုင်များကို ညွှန်ကြား ထားကြောင်း ဆူဝတ်က ပြောသည်။
ထိုင်းသင်္ဘောများ ပြန်လည်လွတ် မြောက်စေရန်အတွက် မြန်မာနိုင်ငံနှင့် ဆွေး နွေးညှိနှိုင်းမှုများကို ပြုလုပ်သွားမည်ဟု ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိ သူက ပြောကြားခဲ့သည်။
ထိုဖြစ်စဉ်ကြောင့် ရနောင်းပြည်နယ် ငါးဖမ်းလုပ်ငန်းဌာနက ထိုင်း-မြန်မာ ပင် လယ်ရေကြောင်းနယ်စပ်အနီးရှိ ရေပြင်များ တွင် ငါးဖမ်းခြင်းမပြုရန် ငါးဖမ်းသမားများနှင့် ငါးဖမ်းသင်္ဘောပိုင်ရှင်များကို သတိပေးချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံမှ လက်နက်များတပ်ဆင် ထားသည့် ငါးဖမ်းသင်္ဘောများသည် ထိုင်း ကမ်းလွန်ရှိ ဖာယမ်ကျွန်း အနောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာရှိ ထိုင်းငါးဖမ်း သင်္ဘောများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းငါးဖမ်းလုပ်ငန်းဌာနက ပြောကြားခဲ့ သော်လည်း တိုက်ခိုက်သူများအကြောင်းကို အသေးစိတ်ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ပင်လယ်ရေကြောင်းနယ်စပ်အနီးသို့ ရောက်ရှိချိန်တွင် သတိထားကြရန် ငါးဖမ်း လုပ်ငန်းလုပ်ကိုင်သူများနှင့် သင်္ဘောပိုင်ရှင် အားလုံးကို သတိပေးထားသည်။
ထိုင်းနှင့်မြန်မာသည် အန်ဒမန်ပင်လယ် အပါအဝင် ကုန်းမြေနယ်စပ်နှင့် ပင်လယ်ရေ ကြောင်းနယ်စပ် အရှည် ၂၄၀၀ ကီလိုမီတာ ခန့် ထိစပ်နေသည်။
ထိုင်းငါးဖမ်းလုပ်ငန်းဌာန၏ ဝက်ဘ်ဆိုက်တွင်ကြေညာချက်အရ ထိုင်းငါးဖမ်း သင်္ဘောများသည် မြန်မာ့ရေပြင်များအတွင်း တရားမဝင်ငါးဖမ်းနေကြသဖြင့် နှစ်နိုင်ငံ တင်းမာမှုမြင့်တက်စေခဲ့ကြောင်း ဖော်ပြထား သည်။
Ref: AFP
Photo: Bangkok, The Nation
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
