ဒါဘီနည်းပြအဖြစ် ဆောင်ရွက်နေသည့် မန်ယူဂန္ထဝင်ကစားသမား ရွန်နီက ၎င်း၏အသင်းဖော်ဟောင်း စီရော်နယ်လ်ဒိုအား ပြန်လည်ခေါ်ယူခဲ့သည့် မန်ယူအသင်း၏လုပ်ရပ်မှာ မှားယွင်းကြောင်း ပြောကြားခဲ့သည်။
ရွန်နီသည် မန်ယူအသင်းတွင် စီရော်နယ်လ်ဒိုနှင့်အတူ ၂၀၀၄ ခုနှစ် မှ ၂၀၀၉ ခုနှစ်အထိ တွဲဖက်ကစားခဲ့သူ ဖြစ်သည်။ သို့သော် ရွန်နီက ပြီးခဲ့သည့်နွေတွင် မန်ယူအသင်းအနေဖြင့် အသက် (၃၇) နှစ်ရှိနေပြီဖြစ်သည့် စီရော်နယ်လ်ဒိုကို ပြန်လည်ခေါ်ယူခဲ့ခြင်းမှာ မှားယွင်းကြောင်းနှင့် စီရော်နယ်လ်ဒိုမှာ အနာဂတ်အတွက် အကျိုးမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
စီရော်နယ်လ်ဒိုအား မန်ယူအသင်း ပြန်လည်ခေါ်ယူခဲ့ခြင်းနှင့်ပတ်သက်ပြီး Sky Sports ရုပ်သံတွင် ရွန်နီက "အခုအချိန်မှာတော့ စီရော်နယ်လ်ဒို ခေါ်ယူခဲ့တာ မမှားဘူးလို့ ခင်ဗျားတို့ ပြောကြမှာပါ။ သူက ချန်ပီယံလိဂ်မှာ အရေးပါတဲ့ ဂိုးတွေ သွင်းပေးခဲ့သလို၊ စပါးနဲ့ပွဲမှာလည်း ဟက်ထရစ်သွင်းခဲ့တယ်။ ဒါပေမဲ့ အနာဂတ်ဆိုရင် လူငယ်တွေကို နေရာပေးရမှာဖြစ်ပြီး သူတို့က အသင်းကို ဆွဲတင်မှာပါ။ စီ ရော်နယ်လ်ဒိုအနေနဲ့ ဂိုးသွင်းနိုင်ပေမဲ့ တခြားအပိုင်းတွေမှာ အဆင်မပြေတော့ပါဘူး" ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
