အမျိုးသမီးအဖြစ် လိင်ပြောင်းလဲထား သူများကို အမျိုးသမီးအားကစားပြိုင်ပွဲများ၌ ယှဉ်ပြိုင်ခွင့်မပေးသင့်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဖြစ်သူ ဘောရစ်ဂျွန်ဆင်က မှတ်ချက်ပြုခဲ့သည်။ သို့သော် သူ၏အမြင်သည် အငြင်းပွားစရာရှိနိုင်ကြောင်းလည်း ဝန်ခံခဲ့သည်။
လက်ရှိတွင် အမျိုးသမီးအဖြစ် လိင်ပြောင်းလဲထားသူ စက်ဘီးသမား အီမီလီဘရစ်ချ်ကို အမျိုးသမီးပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပြုသင့်၊ မသင့်နှင့်ပတ်သက်ပြီး ဗြိတိန်အားကစားလောကအတွင်း များစွာရိုက်ခတ်စေခဲ့သည်။
ဘရစ်ချ်ကို အမျိုးသမီးပြိုင်ပွဲ၌ အစောပိုင်းက ပါဝင်ယှဉ်ပြိုင်ခွင့်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် ဝေဖန်မှုများစွာ ထွက်ပေါ်လာသဖြင့် ကမ္ဘာ့စက်ဘီးအဖွဲ့ချုပ်(UCI) ပင် ကြားဝင်ပြီး ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့ရသည်။
"အမျိုးသားအဖြစ် မွေးဖွားလာသူတွေဟာ အမျိုးသမီးအားကစားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသင့်တယ်လို့ ကျွန်တော် မယူဆပါဘူး။ ဒါက အငြင်းပွားစရာ အကြောင်းအရာတစ်ခုလို့လည်း ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒီထင်မြင်ချက်က သင့်တင့်လျောက်ပတ်တဲ့ ကျွန် တော့်ရဲ့သဘောထားပါပဲ" ဟု ဘောရစ်ဂျွန်ဆင်က ပြောကြားခဲ့သည်။
အိုလံပစ်ပြိုင်ပွဲဝင် ဟောင်းများပါဝင်သည့် ထိပ်တန်းအမျိုးသမီး စက်ဘီးသမားများ၊ သိပ္ပံပညာရှင်များ၊ သုတေသနသမားများစုပေါင်းပြီး UCI သို့ စာရေးသားတောင်းဆိုမှု ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဝန်ကြီးချုပ်၏ ပုဂ္ဂလိကအမြင်ထွက်ပေါ် လာခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
