ဒီရာသီယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်အတွက် မဲခွဲအပြီးမှာ ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးဖြစ်နေတာကတော့ နာမည်ကြီး ဘာစီလိုနာပါ။ ဘာစီလိုနာဟာ ၂၀၀၃-၀၄ ရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲ (ထိုစဉ်က UEFA ဖလား) ကို ယှဉ်ပြိုင်ပြီးနောက်ပိုင်း ဒီရာသီမှာမှ တစ်ကျော့ပြန် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ ဘာစီလိုနာဟာ ယူရိုပါလိဂ်ကို ကူးပြောင်းယှဉ်ပြိုင်ခဲ့ရပြီး အမှား အယွင်းကင်းကင်းနဲ့ ကွာတားဖိုင်နယ်ကိုရောက်ရှိလာခဲ့ပါပြီ။ ဘာစီလိုနာလို ချန်ပီယံလိဂ်ဆုဖလား (၅)ကြိမ်ရထားတဲ့ အသင်းတစ်သင်းအတွက် ယူရိုပါလိဂ်ချန်ပီယံဆုဟာ မက်လောက်စရာမဟုတ်ပေမဲ့ ဖလားမရတာထက်စာရင်တော့ ကျေနပ်စရာဖြစ်စေပါလိမ့်မယ်။ ဘာစီလိုနာဟာ ဒီရာသီမှာ စပိန်ဘုရင့်ဖလား၊ ချန်ပီယံလိဂ်နဲ့ စပိန်စူပါဖလားပြိုင်ပွဲတွေက ထွက်ခွာခဲ့ရပြီးဖြစ်သလို လာလီဂါမှာလည်း ချန်ပီယံဆုရဖို့ အခွင့်အရေးနည်းပါးနေလို့ သူတို့အတွက် တစ်ခုတည်းသောအနီးစပ်ဆုံး ဆုဖလားအောင်ပွဲဟာ ယူ ရိုပါလိဂ်ဖြစ်လာခဲ့ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
