အာဆင်နယ်အသင်းနည်းပြ အာတီတာသည် ဧပြီလ ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်တွင် ခရစ္စတယ်ပဲလေ့စ်အသင်းအား (၀-၃)ဂိုးဖြင့် အ ရေးနိမ့်ခဲ့ပြီးနောက် ပွဲအပြီးတွင် အသင်းပရိသတ်များအား တောင်းပန်ခဲ့ပြီး အသင်းကစားပုံသည် လုံးဝလက်ခံနိုင်စရာမရှိခဲ့ဟု ဝေဖန်သွားခဲ့သည်။
အာဆင်နယ်အသင်းသည် ယင်းပွဲတွင် ခရစ္စတယ်ပဲလေ့စ်အသင်းမှ မာတက်တာ (၁၆ မိနစ်)၊ ဂျော်ဒန်အာယူး(၂၄ မိနစ်)၊ ဇာ ဟာ(၇၄ မိနစ် ပယ်နယ်တီ)တို့ သွင်းယူသည့် ဂိုးများကြောင့် ဂိုးပြတ်အရေးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။ အာဆင်နယ်အနေဖြင့် စပါးအ သင်းထက် လက်ကျန်တစ်ပွဲ ပိုကစားရမည် ဖြစ်သော်လည်း ရမှတ်ပေါင်း ၅၄ မှတ်စီဖြင့် ဂိုးကွာခြားချက်နည်းပါးမှုကြောင့် အဆင့် ငါး နေရာသာ ရပ်တည်နေပြီး တစ်ကျော့ပြန် ချန် ပီယံလိဂ်ဝင်ခွင့် ရည်မှန်းချက်အတွက် ပြန်လည်စိုးရိမ်စရာ ကောင်းလာခဲ့သည်။
"အသင်းက ကျွန်တော်တို့ကိုယ်တိုင် မဖြစ်နိုင်တဲ့ ပုံစံနဲ့ ကစားခဲ့တယ်။ ကျွန်တော်တို့ ဘောလုံးကို တစ်သမတ်တည်း မကစားနိုင်ခဲ့ဘူး။ ဒီလို အဆင့်မျိုးမှာ ဒါက လက်ခံနိုင်စရာတော့ မရှိ ပါဘူး။ ကျွန်တော်တို့ရဲ့ပရိသတ်တွေကိုလည်း တောင်းပန်လိုပါတယ်။ ကျွန်တော်တို့မှာ စစ် မှန်တဲ့တည်ငြိမ်မှု မရှိပါဘူး။ ဒါက ကျွန်တော့်အနေနဲ့ အမှန်တကယ် စိုးရိမ်တဲ့အရာပါပဲ" ဟု အာတီတာက ပြောကြားခဲ့သည်။
ယင်းပွဲ တွင် ပေါင်ဒဏ်ရာရရှိခဲ့သည့် ကွင်းလယ်လူ ပါတေး၏ဒဏ်ရာအခြေအနေကိုလည်း စိုးရိမ်မိသည်ဟုလည်း အာတီတာက ဝန်ခံခဲ့သည်။ ခရစ္စတယ်ပဲလေ့စ်အနေဖြင့် ယခုနှစ်၏ ပထမဆုံး အိမ်ကွင်းနိုင်ပွဲ ရရှိခဲ့ပြီး ပြိုင်ပွဲစုံနောက် ဆုံး ၁၁ ပွဲတွင် တစ်ပွဲသာ ရှုံးနိမ့်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
