Top News

တရုတ်  crypto ငွေကြေးကစားသူက ၎င်းလေလံဆွဲဝယ်ယူခဲ့သည့် ဒေါ်လာ ၆ ဒသမ ၂ သန်းတန် အနုပညာပြကွက်မှ ငှက်ပျောသီးကို စားပြခဲ့
24htopnews | December 2, 2024 11:12 AM CST

တရုတ် crypto လုပ်ငန်းရှင် ဂျက်စတင်ဆွန်းက လေလံဆွဲဝယ်ယူခဲ့သည့် ဒေါ်လာ ၆ ဒသမ ၂ သန်းတန် အနုပညာပြကွက်မှ ငှက်ပျောသီးကို စားပြခဲ့သည်ဟု သိရသည်။

ဆွန်းသည် နယူးယောက်မြို့ ဆော်သဘီလေလံတိုက်တွင်လေလံတင်ခဲ့သော မော်ရီဇီယို ကက်တလန်၏ နံရံတွင် တိပ်ဖြင့်ကပ်ထားသော ငှက်ပျောသီးအနုပညာပြကွက်ကို ဒေါ်လာ ၆ ဒသမ ၂ သန်းဖြင့် လေလံဆွဲဝယ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင်ရှိ ဟိုတယ်တစ်ခုတွင် ဆွန်းက ယင်းအနုပညာလက်ရာကို ချီးကျူးပြောကြားခဲ့ပြီး

အယူအဆပေါ်အခြေတည်သော အနုပညာနှင့် crypto  ငွေကြေး အကြား ယှဉ်ပြိုင်နေမှုများကို ပြောကြားခဲ့ပြီးနောက် ဒါဇင်နှင့်ချီသည့် သတင်းထောက်များ နာမည်ကျော်များရှေ့တွင် ထိုငှက်ပျောသီးကို စားပြခဲ့ခြင်းဖြစ်သည်။

"ဒီငှက်ပျောသီးက အခြားငှက်ပျောသီးတွေထက် အများကြီးပိုကောင်းတယ်"ဟု ဆွန်းက ငှက်ပျောသီးကို တစ်ကိုက်ကိုက်ပြီးနောက် ပြောခဲ့သည်။

"ဒီငှက်ပျောသီးက တော်တော်လေး အရသာရှိတယ်"ဟု ၎င်းက ဆိုသည်။

ဆွန်းသည်  "Comedian" အမည်ရှိ အနုပညာပြကွက်ကို အခြားပြိုင်ဘက်ခုနစ်ဦးကို ကျော်လွန်ပြီး လွန်ခဲ့သည့်သီတင်းပတ်က လေလံဆွဲဝယ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဆွန်းက လေလံအောင်ပြီးနောက် ပထမ ၁၀ စက္ကန့်အတွင်း မယုံကြည်နိုင်သေးကြောင်း ပြောပြခဲ့သည်။ယင်းနောက် ၁၀ စက္ကန့်အကြာ၌ ယင်းငှက်ပျောသီးကို စားသုံးမည်ဟု ဆုံးဖြတ်ချက်ချခဲ့ကြောင်း ပြောပြခဲ့သည်။

"ဒီငှက်ပျောသီးကို သတင်းစာရှင်းလင်းပွဲလုပ်ပြီး စားပြတာကလည်း အနုပညာလက်ရာရဲ့ သမိုင်းတစ်စိတ်တစ်ပိုင်း ဖြစ်လာနိုင်ပါတယ်"ဟု ဆွန်းက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

Ref: AFP

Photo : AFP

 


READ NEXT
Cancel OK