လီဗာပူးလ်တောင်ပံကစားသမား မာနေက မိမိတို့အနေဖြင့် မန်ယူအသင်းကို လေးစားမှုအပြည့်ရှိသော်လည်း အနိုင်ယူနိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်ယူအသင်းကို အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
လီဗာပူးလ်အနေဖြင့် အဆိုပါပွဲစဉ်တွင် အနိုင်ရရှိခဲ့ပါက အမှတ်ပေးဇယားထိပ်ဆုံးသို့ ပြန်လည်တက်လှမ်းနိုင်မည်ဖြစ်ပြီး ပထမအကျော့က အန်ဖီးလ်ကွင်းတွင် (၃-၁) ဂိုးဖြင့်အနိုင်ရခဲ့သော်လည်း လာမည့်ပွဲစဉ်တွင် ပုံစံကောင်းရနေသည့် မန်ယူအသင်းကြောင့် ရုန်းကန်ရဖွယ်ရှိသည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။
မာနေက '' ကျွန်တော် အမြဲတမ်းပြောနေကျစကားအတိုင်းပါပဲ။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ဖိအားတွေပေးတာက ဘာအကူအညီမှ မဖြစ်ပါဘူး။ မန်ယူနဲ့ ကစားမယ့်ပွဲစဉ်ဟာ အခြားပွဲကြီးတွေနဲ့ အတူတူပါပဲ။ မန်ယူအသင်းကို ကျွန်တော်တို့ လေးစားမှုအပြည့်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိတယ်လို့လည်း ယုံကြည်ပါတယ်။ မန်ယူနဲ့ကစားမယ့်ပွဲက ခက်ခဲလာမှာသေချာပါတယ်။ ဒါပေမဲ့ တခြားပွဲကျပ်တွေမှာ အနိုင်ရခဲ့သလိုမျိုး မန်ယူအသင်းကိုလည်း အနိုင်ယူသွားမှာပါ။ လွယ်ကူမှာမဟုတ်ဘူးဆိုပေမယ့် အနိုင်ရဖို့အတွက် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားသွားမှာပါ'' ဟုဆိုခဲ့သည်။
လီဗာပူးလ်အသင်းသည် မန်ယူအသင်းနှင့် ပွဲစဉ်အပြီးတွင် ဝက်ဖို့ဒ်၊ အဲဗာတန်တို့နှင့် ပရီးမီးယားလိဂ်ပွဲစဉ်များကို ဆက်တိုက်ကစားရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်များကို တစ်ပွဲချင်းချဉ်းကပ်ကာ အနိုင်ရလဒ်ရရှိအောင် ကြိုးစားသွားမည်ဟုလည်း မာနေက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
