■ ဆီဗီလာ ၂-၄ ဘာစီလိုနာ
စပိန်လာလီဂါ ပွဲစဉ် (၂၅) ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆီဗီလာအသင်းနဲ့ ဘာစီလိုနာအသင်းတို့ပွဲစဉ်မှာတော့ ဘာစီလိုနာအသင်းက အသင်းခေါင်းဆောင်မက်ဆီရဲ့ခြေစွမ်းပြမှုနဲ့အတူ (၃-၂) ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။
ဆီဗီလာအသင်းကတော့ ဘာစီလိုနာအသင်းကို (၂) ကြိမ်တိုင်ဦးဆောင်နိုင်ခဲ့ပေမယ့် မက်ဆီကိုမထိန်းနိုင်ခဲ့တာက ဒီပွဲရဲ့အဖြေဖြစ်ခဲ့ပြီး မက်ဆီဟာဒီနေ့ပွဲမှာ မယုံကြည်နိုင်စရာအရည်အသွေးကို ထပ်ပြီးပြသသွားခဲ့တာပါ။
အနီးစပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ အက်သလက်တီကိုပွဲကျပ်နေသလို၊ ရီးယဲလ်မက်ဒရစ်အသင်းကလည်း အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ရဖို့ရှိတာကြောင့် ဘာစီလိုနာတို့ ဒီပွဲစဉ်အပေါ် သတိကြီးကြီးထားကစားခဲ့ပြီး မက်ဆီ၊ ဆွာရက်ဇ်၊ ကော်တင်ဟို၊ ဘူးစကွက်စ်၊ ရာကီတစ်တို့နဲ့ လူစုံခဲ့ပါတယ်။
ဒီရာသီလာလီဂါမှာ အိမ်ကွင်းရှုံးပွဲ (၁)ပွဲသာရှိထားပြီး ပုံစံကောင်းပြထားနိုင်တဲ့ ဆီဗီလာအသင်းကလည်း ရလဒ်ကောင်းဖို့အတွက် ဘင်ယက်ဒါ၊ ဆာရာဘီယာ၊ ဘာနီဂါ၊ နာဗတ်စ်တို့နဲ့ တုံ့ပြန်ခဲ့တာပါ။
ပွဲစကတည်းက အိမ်ကွင်းမှာ ဆီဗီလာတို့ မာမာထန်ထန်ကစားခဲ့လို့ ဘာစီလိုနာကစားကွက်စီးဖို့အခက်တွေ့ခဲ့ပြီး အိမ်ရှင်အသင်းရဲ့ဖိအားပေးခြင်းကိုခံခဲ့ပါတယ်။
ပွဲချိန် (၂၂) မိနစ်မှာပဲ ဘင်ယက်ဒါရဲ့ပေးပို့မှုကနေ ဒီပွဲမှာ လာလီဂါပွဲထွက်ကစားတဲ့ပွဲ (၃၀၀) ပြည့်ခဲ့တဲ့ ၀ါရင့်ကွင်းလယ်လူ နာဗတ်စ်က သွင်းယူပေးခဲ့ပါတယ်။
ဒါပေမဲ့ ဆီဗီလာရဲ့ဦးဆောင်ဂိုးက (၄) မိနစ်သာခံခဲ့ပြီး ပွဲချိန် (၂၆) မိနစ်မှာ ရာကီတစ်ရဲ့ပေးပို့မှုကနေ မက်ဆီက ဂိုးဧရိယာအတွင်းကနေ လှလှပပကန်သွင်းပြီးဘာစီလိုနာအတွက် ချေပဂိုး ရယူပေးခဲ့ပါတယ်။
(၁-၁) ဂိုးအနေအထားမှာ ပွဲရဲ့အရှိန်က အမြင့်ဆုံးရောက်ခဲ့ပြီး နှစ်သင်းစလုံးဦးဆောင်ဂိုးရဖို့ကြိုးစားကစားလာလို့ ကြည့်ကောင်းခဲ့ပါတယ်။
ပွဲချိန် (၄၂) မိနစ်မှာတော့ ဆာရာဘီးယားရဲ့ပေးပို့မှုကနေ မယ်ကာဒိုက ဆီဗီလာအသင်းအတွက် ဦးဆောင်ဂိုးကို ပြန်သွင်းယူခဲ့ပါတယ်။
ပထမပိုင်းမှာတော့ ဘာစီလိုနာအသင်း (၁-၂) ဂိုးနဲ့ရှုံးနိမ့်နေခဲ့ပြီး ဒုတိယပိုင်းအစမှာပဲ ဒမ်ဘီလီ၊ ဆာဂျီရောဘတ်တိုတို့ကို ထည့်သွင်းကာ တိုက်စစ်မြှင့်ခဲ့ချိန်မှာတော့ ဆီဗီလာအသင်းဘက်ကိုပိုပြီးဖိအားပေးနိုင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းအတွက်ချေပဂိုးကို ပွဲချိန် (၆၇) မိနစ်မှာ ဒမ်ဘီလီရဲ့ပေးပို့မှုကနေ မက်ဆီကပဲ ဂိုးဧရိယာအပြင်ကနေ လှလှပပကန်သွင်းယူပေးခဲ့တာပါ။
နောက်ပိုင်းမှာတော့ ဘာစီလိုနာအသင်းကပဲပွဲကိုစိုးမိုးသွားခဲ့ပြီး အခွင့်အရေးတွေလည်းဆက်တိုက်ရလာခဲ့ပါတယ်။
ဘာစီလိုနာအသင်းအတွက် ဦးဆောင်ဂိုးကိုတော့ ပွဲချိန် (၈၅) မိနစ်မှာ မက်ဆီက ဆီဗီလာဂိုးဧရိယာအတွင်း မထင်မှတ်ဘဲရရှိလာတဲ့အခွင့်အရေးကနေ ဂိုးသမား ဗစ်ချလက်ကို ကျော်ကန်သွင်းယူခဲ့တာပါ။
ဒါဟာမက်ဆီအတွက် ဒီရာသီလာလီဂါသွင်းဂိုး (၂၅) ဂိုးမြောက်ဖြစ်ခဲ့ပြီး ဆီဗီလာအသင်းနဲ့တွေ့ဆုံတဲ့ ပြိုင်ပွဲစုံနောက်ဆုံး (၂၁) ပွဲမှာ တိုက်ရိုက်ဂိုးပါဝင်ပတ်သက်မှု (၃၇) ဂိုးမြောက် (၂၃ ဂိုးသွင်း၊ ၁၄ ဂိုးဖန်တီး) ဖြစ်ခဲ့ပြီး အများဆုံးအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။
ဆက်တိုက်ဆိုသလိုပဲ ထပ်ဆောင်းအချိန်ပိုမှာ ဘာစီလိုနာအသင်းစတုတ္ထဂိုးရရှိသွားခဲ့ပြီး မက်ဆီရဲ့အကွက်မြင်မြင်ပေးပို့မှုကို ဆွာရက်ဇ်က ဂိုးသမားကျော်ကန်သွင်းယူပြီး အကောင်းဆုံးအဆုံးသတ်ပေးခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် ဘာစီလိုနာအသင်းဟာ ဒုတိယနေရာက အက်သလက်တီကိုကို (၁၀) မှတ်အထိဖြတ်ထားနိုင်ခဲ့ပါတယ်။
■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်
ပရီးမီးယားလိဂ်
ဘန်လေ ၂-၁ စပါး
ဘုန်းမောက် ၁-၁ ဝုလ်ဗ်
နယူးကာဆယ် ၂-၀ ဟတ်ဒါဖီးလ်
လာလီဂါ
ဂီတာဖေး ၂-၁ ဗယ်လက်ကာနို
ဆီဗီလာ ၂-၄ ဘာစီလိုနာ
စီးရီးအေ
တိုရီနို ၂-၀ အတ္တလန်တာ
ဘွန်ဒစ်လီဂါ
ဘိုင်ယန်မြူးနစ် ၁-၀ ဟာသာဘာလင်
မိုချန်ဂလာဘတ် ၀-၃ ဝုလ်ဖ်ဘတ်
ဖရိုင်းဘတ် ၅-၁ အော့စ်ဘတ်
မိန့်ဇ် ၃-၀ ရှော်လ်ကေး
လိဂ်ချန်ပီယံရှစ်
ဘာမင်ဂမ် ၂-၂ ဘလက်ဘန်း
ဘရန့်ဖို့ဒ် ၅-၁ ဟားလ်စီးတီး
လိဒ်စ် ၂-၁ ဘော်လ်တန်
မစ်ဒယ်ဘရော့ ၂-၀ QPR
မီဝေါလ် ၁-၃ ပရက်စတန်
နောဝစ်ချ် ၃-၂ ဘရစ္စတိုးလ်စီးတီး
ရက်ဒင်း ၁-၁ ရော့သာဟမ်
ရှက်ဖီးဝင်းစ်ဒေး ၃-၁ ဆွမ်ဆီး
စတုတ်စီးတီး ၁-၁ အက်စတွန်ဗီလာ
ဝီဂန် ၁-၁ အစ်ဝစ်ချ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
