မန်ယူအသင်းဝါရင့်ကွင်းလယ်လူ မာတာက လီဗာပူးလ်နှင့် ကစားမည့်ပွဲစဉ်တွင် အသင်းကိုအားပေးကြရန် မန်ယူပရိသတ်များကို တောင်းဆိုခဲ့သည်။
မန်ယူအသင်းသည် တနင်္ဂနွေနေ့တွင် လီဗာပူးလ်အသင်းကို အိုးလ်ထရက်ဖို့ဒ်၌ လက်ခံကစားရမည်ဖြစ်ပြီး နိုင်ပွဲရရေးအတွက် အားပေးကြရန် အသင်းပရိသတ်များကို မာတာက တောင်းဆိုခဲ့ခြင်းဖြစ်သည်။
မာတာက '' တနင်္ဂနွေနေ့ လီဗာပူးလ်နဲ့ ကစားမယ့်ပွဲစဉ်မှာ ကျွန်တော်တို့ကစားသမား (၁၁) ယောက်အပြင် ပရိသတ် (၇၀၀၀၀) ကျော် ကျွန်တော်တို့ဘက်မှာ ရှိနေပါတယ်။ ကျွန်တော့်အနေနဲ့ မန်ယူပရိသတ်တွေဟာ လီဗာပူးလ်နဲ့ပွဲမှာ ကျွန်တော်တို့ကို ကူညီမယ်လို့ အပြည့်အဝယုံကြည်ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ အသင်းပရိသတ်တွေရဲ့အားပေးမှုက အံ့အားသင့်စရာပါပဲ။ မန်ယူပရိသတ်တွေဟာ အခုအချိန်မှာ အသင်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ အားပေးနေကြပါတယ်။ သူတို့ကြောင့်လည်း ကျွန်တော်တို့အနေနဲ့ ရလဒ်ကောင်းတွေ ရရှိနေတာပါ။ ပရိသတ်ရဲ့အားပေးမှုက ကျွန်တော်တို့ကစားသမားတွေနဲ့ အသင်းအတွက် အလွန်အရေးပါပါတယ်။ ဒါကြောင့် လီဗာပူးလ်နဲ့ပွဲမှာလည်း ကျွန်တော်တို့ကို အသင်းပရိသတ်တွေ အားပေးကြမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် မန်ယူအသင်းကို ရောက်ပြီးကတည်းက လီဗာပူးလ်နဲ့ မန်ယူ၊ မန်ယူနဲ့ လီဗာပူးလ်တွေ့ဆုံမှုတွေက ဘယ်လိုဆိုတာကို ကျွန်တော်နားလည်ပါတယ်။ တနင်္ဂနွေညမှာ ကစားမယ့်ပွဲက လုံးဝပွဲကြီးပွဲကောင်းဖြစ်ပြီး လူတိုင်းက ဒီအင်္ဂလန်ဒါဘီပွဲစဉ်ကို စောင့်ကြည့်ဖို့မျှော်လင့်နေကြပါတယ်။ အခုဆိုရင်ခင်ဗျားတို့လည်း သိတဲ့အတိုင်းပါပဲ။ လူတိုင်းက မန်ယူနဲ့ လီဗာပူးလ်ပွဲအကြောင်းကို ပြောနေကြပါတယ်။ တနင်္ဂနွေညပွဲစဉ်မှာ ကျွန်တော်တို့အနေနဲ့ ရလဒ်ကောင်းတစ်ခုရရှိအောင် အကောင်းဆုံးကြိုးစားသွားမှာပါ'' ဟု မန်ယူအသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။
မန်ယူအသင်းသည် လက်ရှိတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယား၌ အဆင့် (၄)နေရာတွင် ရပ်တည်နေပြီး လီဗာပူးလ်နှင့်ပွဲစဉ်မှာ ၄င်းတို့အတွက်အရေးကြီးသလို ချန်ပီယံဆုကို မျှော်မှန်းနေသည့် လီဗာပူးလ်အသင်းအတွက်လည်း ယခုပွဲစဉ်မှာ အလွန်အရေးပါနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
