လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က မန်ယူအသင်း၏အမြဲတမ်းနည်းပြအဖြစ် ဆိုးလ်ရှား ခန့်အပ်ခံရမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်ပွဲစဉ်(၂၇)၏ Big Match အဖြစ် ဖေဖော်ဝါရီ(၂၄)ရက်တွင် မန်ယူနှင့် လီဗာပူးလ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေချိန် ကလော့ပ်က ယခုကဲ့သို့ ဖွင့်ဟခဲ့့ခြင်းလည်းဖြစ်သည်။
'' သူဟာ အရည်အသွေးရှိသူဖြစ်ပြီး ကံကြမ္မာကောင်းလည်း ရရှိထားပါတယ်။ အခု သူအသင်းကို တာဝန်ယူနေတယ်။ လာမယ့်ရာသီမှာလည်း သူ အမြဲတမ်းနည်းပြဖြစ်လာဖို့ သံသယမရှိပါဘူး။ ဒါဟာ ရှင်းလင်းတဲ့ကိစ္စပါ။ သူဟာ ဒီရာထူးနဲ့ရာနှုန်းပြည့် ထိုက်တန်ပါတယ်။ အသင်းအောင်မြင်မှုရဖို့ လုပ်ဆောင်ရမယ့်အားလုံးကို သူ လုပ်နေပါတယ်'' ဟု ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။
ကလော့ပ်က နည်းပြအားလုံးသည် ကံကြမ္မာကောင်းရရှိရန်လည်း လိုအပ်သည်ဟု သုံးသပ်ခဲ့သည်။
'' ကျွန်တော် မိန့်ဇ်ကနေ ဒေါ့မွန်ကို ပြောင်းတဲ့အချိန်မှာ လူတွေက ကျွန်တော့်မှာ နိုင်ငံတကာအတွေ့အကြုံမရှိဘူးလို့ ပြောကြတယ်။ ဒါ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါဟာ ဝယ်ယူလို့မရပါဘူး။ ကိုယ်တိုင်လုပ်ယူမှပဲ ရပါလိမ့်မယ်။ အိုလေ(ဆိုးလ်ရှား)သာယူနိုက်တက်ကစားသမားဟောင်းတစ်ယောက် မဟုတ်ဘူးဆိုရင် နော်ဝေကနေ ဒီကိုရောက်လာဖို့ မဖြစ်နိုင်ပါဘူး။ ဒါဟာ သေချာပါတယ်။ ဒါပေမဲ့ အခွင့်အရေးရလာရင်တော့ ဒါကို သေချာပေါက် အသုံးချရလိမ့်မယ်။ တကယ်တော့ သူဟာ အသင်းနည်းပြအဖွဲ့ဝင်တွေနဲ့အတူ လိုအပ်တာတွေကို အတူတကွလုပ်ဆောင်ပြီးပြီဆိုတာ သက်သေပြပြီးသားပါး'' ဟု ကလော့ပ်က မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် မန်ယူအသင်းနှင့်ပတ်သက်ပြီး ကလော့ပ်က '' သူတို့ဟာ ပုံစံကောင်းရနေပါတယ်။ ခံစစ်ကော တိုက်စစ်ပါ ကောင်းပါတယ်။ သူတို့ဟာ ရလဒ်ကောင်းရဖို့ တိုက်ခိုက်နိုင်တဲ့ နည်းလမ်းပေါင်းစုံရှိနေပါတယ်'' ဟုလည်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
