Accor သည် ကမ္ဘာ့အကြီးဆုံး ဟိုတယ်လုပ် ငန်းစုဖြစ်ပြီး ကမ္ဘာတစ်ဝန်း မြို့ပေါင်း ၁၀၀ ကျော်တွင် ဟိုတယ် ၄၈၀၀ အထိ ဖွင့်လှစ်ထားကြောင်း သိရသည်။
ပြင်သစ်ကလပ် PSG အသင်းသည် Accor ဟိုတယ်လုပ်ငန်းစုနှင့် ချုပ်ဆိုခဲ့သည့် အကျႌရင်ဘတ်စပွန်ဆာစာချုပ်အရ တစ်နှစ် လျှင် ယူရိုသန်း ၅၀ အထိရရှိမည်ဖြစ်ကြောင်း သိရသည်။
PSG အသင်းသည် ၁၃ နှစ်ကြာလက်တွဲလာသည့် ဒူဘိုင်းအခြေစိုက် အီမရိတ်စ်လေကြောင်းလိုင်းနှင့် စပွန်ဆာစာချုပ်ကို သက် တမ်းတိုးမည်မဟုတ်ကြောင်း ပြီးခဲ့သည့်နှစ် သြဂုတ်ကတည်းက ကြေညာခဲ့သည်။
PSG အသင်းသည် အကျႌရင်ဘတ်စပွန်ဆာအသစ် ရရှိရန် ကြိုးပမ်းရာ Accor ဟိုတယ်လုပ်ငန်း နှင့် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း ဖေဖော် ၀ါရီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Accor သည် ကမ္ဘာ့အကြီးဆုံး ဟိုတယ်လုပ် ငန်းစုဖြစ်ပြီး ကမ္ဘာတစ်ဝန်း မြို့ပေါင်း ၁၀၀ ကျော်တွင် ဟိုတယ် ၄၈၀၀ အထိ ဖွင့်လှစ်ထားကြောင်း သိရသည်။
ALL အမှတ်တံဆိပ် ရိုက်နှိပ်ထားသည့်အကျႌကို ၂၀၁၉-၂၀၂၀ ရာသီမှစ၍ ဝတ်ဆင်မည်ဖြစ်ပြီး စာချုပ်သက် တမ်းနှင့် စာချုပ်တန်ဖိုးကို ထုတ်ပြန်ခြင်းမရှိ သော်လည်း PSG အသင်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက စာချုပ်သစ်မှာ ဥရောပထိပ်တန်းလေးသင်းစာရင်းတွင် ပါဝင် လာစေနိုင်ကြောင်း ပြောကြားသည်။
သို့ဖြစ် ရာ PSG အသင်းအနေဖြင့် အီမရိတ်စ်လေ ကြောင်းလိုင်းထံမှရရှိသည့် တစ်နှစ်ယူရို ၂၅ သန်း၏နှစ်ဆ ယူရိုသန်း ၅၀ အထိ ရရှိနိုင် ကြောင်း မီဒီယာများက ခန့်မှန်းဖော်ပြနေခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
