မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ဒဏ်ရာသက်သာလာသည့် မာစီယဲလ်နှင့် လင်ဂတ်တို့ လီဗာပူးလ်အသင်းနှင့်ပွဲ၌ ပါဝင် နိုင်ဖွယ်ရှိကြောင်း ဖေဖော်ဝါရီ ၂၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
၎င်းတို့နှစ်ဦးသည် PSG အသင်းအား ရှုံးနိမ့်သည့် ချန်ပီယံလိဂ်အိမ်ကွင်းပွဲ၌ ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ပြီး နှစ်ပတ်၊ သုံးပတ်ခန့် အနားယူရဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။
သို့သော် ၎င်းတို့အနေဖြင့် ဒဏ်ရာလျင်မြန်စွာ သက်သာလာသောကြောင့် ယခုတစ်ပတ် လီဗာပူးလ်အသင်းနှင့်ပွဲမှာပင် ပါဝင်နိုင်ဖွယ် ရှိကြောင်း ဆိုးလ်ရှားက ပြောကြားခြင်းဖြစ်သည်။
''ဂျက်ဆီ (လင်ဂတ်) အခြေအနေကြည့်ရတာ အဆင်ပြေပါတယ်။ အန်သိုနီ (မာစီ ယဲလ်) လည်း အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ သူတို့နှစ်ယောက်က အခုအချိန်အထိ လေ့ကျင့်ခန်းအစီအစဉ်မှာ မပါနိုင်သေးပေမယ့် အချိန်နှစ်ရက်ကျန်ပါသေးတယ်''ဟု ၎င်းက ပြောကြားသည်။
မန်ယူအသင်းသည် ဆိုးလ်ရှားလက်ထက် (၁၃)ပွဲကစားထားရာတွင် (၁၁)ပွဲအထိနိုင်ကာ (၁)ပွဲသရေ၊ (၁)ပွဲရှုံးထားပြီး ပရီးမီးယားလိဂ်တွင် ရှုံးပွဲမရှိသေးကြောင်း သိရသည်။
ဆိုးလ်ရှားက သူ၏အသင်းမှာ စပါး၊ အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းများကို အနိုင်ယူထားသော်လည်း ပွဲကြီးများတွင် အမှားတစ်ချက်လုပ်ရုံဖြင့် အရေးနိမ့်နိုင်ကြောင်း ကစားသမားများကို သတိပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
