ဂီတာဖေး နှင့် ဗယ်လက်ကာနို (စနေညနေ ၆း၃၀ နာရီ)
အိမ်ကွင်းကစားပုံ စိတ်ချနေရတဲ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ မျှော်လင့်ချက်အပြည့်ရှိနေတဲ့ ဂီတာဖေးကို စိတ်ဓာတ်ပိုင်းရော၊ ခြေစွမ်းပိုင်းမှာပါ ဗယ်လက်ကာနို ယှဉ်နိုင်မယ် မထင်ပါဘူး။ အိမ်ကွင်းမှာ လက်ရှိဟန်ချက် အပျက်ခံမှာမဟုတ်တဲ့ ဂီတာဖေးနဲ့ ဂိုးအများပဲကောင်းမယ်။
ဆီဗီလာ နှင့် ဘာစီလိုနာ (စနေည ၉း၄၅ နာရီ)
နောက်ဆုံးတွေ့ထားတဲ့ စပိန်ဘုရင့်ဖလားပထမအကျော့မှာတုန်းကတော့ ဆီဗီလာကွင်းမှာ ဘာစီလိုနာရှုံးထားတယ်။ ဒါပေမဲ့ ဒုတိယအကျော့ရော၊ လာလီဂါပထမအကျော့နဲ့ စပိန်စူပါဖလား (၃)ပွဲစလုံးမှာတော့ ဘာစီလိုနာပဲ အနိုင်ရထားခဲ့တယ်။ အခုပွဲကလည်း နှစ်သင်းစလုံး ဥရောပပွဲတွေအပြီးကစားရမယ့်ပွဲဖြစ်လို့ လူထုတ်ပုံအပြောင်းအလဲတွေတော့ရှိနေဦးမှာပါ။ အထူးသဖြင့် ဘာစီလိုနာက အပြောင်းအလဲပိုများနိုင်တယ်။ ဆီဗီလာက ခုနောက်ပိုင်း ကစားပုံလျော့လာသလို တွေ့နေရပေမယ့် အိမ်ကွင်းမှာတော့ အကောင်းဆုံးကစားပြနေတုန်းပါပဲ။ အိမ်ကွင်းရှုံးပွဲတစ်ပွဲသာရှိတဲ့ ဆီဗီလာရဲ့ အိမ်ကွင်းကစားအားကလည်း ဘာစီလိုနာကို အခက်တွေ့စေဖို့တော့ရှိနေတယ်။ ဒါပေမဲ့ ဆီဗီလာအသင်းရဲ့ထောင့်ပေါင်းစုံက ဟာကွက်များနေတဲ့ခံစစ်ပိုင်းက ဘာစီလိုနာရဲ့တိုက်စစ်ပိုင်းကို ဘယ်လောက်အတိုင်းအတာအထိ တောင့်ခံကစားပြနိုင်မလဲဆိုတာကတော့ မေးခွန်းထုတ်ချင်စရာ ဖြစ်နေတယ်။ ဘာစီလိုနာရဲ့တိုက်စစ်ပိုင်းကလည်း အခုနောက်ပိုင်းပွဲတွေမှာ ဂိုးရဖို့ရုန်းကန်နေရလို့ ဆီဗီလာကွင်းမှာ ဂိုးတွေရပါ့မလားဆိုတာကလည်း သံသယဖြစ်စရာပါပဲ။ ဘာစီလိုနာနိုင်ရင်တောင် ဂိုးနည်းနည်းနဲ့ပဲ ကပ်နိုင်မယ့်ပွဲမျိုးလို့ထင်တယ်။
အလာဗတ်စ် နှင့် ဆယ်လ်တာဗီဂို (စနေည ၁၂းဝ၀ နာရီ)
ဆယ်လ်တာဗီဂို အခြေအနေအတော်လေးဆိုးနေတယ်။ တိုက်စစ်နဲ့ ခံစစ်ကလည်း ဟန်ချက်မညီသလိုတွေ့နေရတယ်။ ဒီလိုပုံစံမျိုးနဲ့တော့ အိမ်ကွင်းကစားအားကောင်းပြီးစုစည်းမှု လည်းပိုရှိတဲ့ အလာဗတ်စ်ကို ဆယ်လ်တာ ကျော်ဖြတ်ပြနိုင်ဖို့က မဖြစ်နိုင်သေးဘူးလို့ပဲထင်တယ်။ အိမ်ကွင်းလည်းဖြစ်လို့ အလာဗတ်စ်နဲ့ ဂိုးအနည်းပဲကြိုက်တယ်။
ဘီ်လ်ဘာအို နှင့် အီဘာ (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)
ကစားပုံပြန်ငြိမ်လာပြီး ဥရောပဝင်ခွင့်ကိုပါမျှော်လင့်လာနိုင်တဲ့ ဘီလ်ဘာအိုရဲ့အိမ်ကွင်းကစားအားက အီဘာကိုအခက်တွေ့စေမှာသေချာတယ်။ အီဘာ ခံစစ်ကစားပုံလျော့နေပြီး အဝေးကွင်းပွဲတွေမှာ ရုန်းကန်နေရသေးတာတွေ့နေရလို့ ဘီလ်ဘာအိုတိုက်စစ်ကို ထိန်းနိုင်ဖို့မလွယ်လှဘူး။ ဘီလ်ဘာအိုနဲ့ ဂိုးအများပဲ ရွေးထားချင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
