Top News

အွန်လိုင်းတွင် စျေးရောင်းချခြင်း မှတ်ပုံတင်လက်မှတ် ရရှိသူများမှာ နိုင်ငံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ပျက်ပြားစေသည့် စည်းရုံးလှုံ့ဆော်မှုများ၊ ဆန္ဒ ထုတ်ဖော်မှုများကို ရှောင်ကြဉ် ရမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်
24htopnews | December 2, 2024 2:12 PM CST

အွန်လိုင်းတွင် စျေးရောင်းချခြင်း မှတ်ပုံတင်လက်မှတ်ရရှိသူများမှာ နိုင်ငံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကိုပျက်ပြားစေသည့် စည်းရုံးလှုံ့ဆော်မှုများ၊ ဆန္ဒထုတ် ဖော်မှုများကို ရှောင်ကြဉ် ရမည်ဟု စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကထုတ်ပြန်သည်။

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းဆိုင်ရာအမိန့်တွင် ပါဝင်သည့် မှတ်ပုံတင် လက်မှတ်ရရှိသူများ၏ တာဝန်များဆိုသည့် အခန်း (၅) တွင် ဖော်ပြထားသည်။

အဆိုပါ အခန်း (၅) အပိုဒ် ၁၈ မှတ်ပုံ တင် လက်မှတ်ရရှိသူများ၏ တာဝန်များတွင် သတ်မှတ် ချက် ၁၅ ခုပါဝင်သည်။

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတစ်ဆင့် နိုင်ငံရေးကို ရည်ရွယ်၍သော်လည်းကောင်း၊ အများပြည်သူ၏ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ပျက်ပြားစေရန် ရည်ရွယ်၍သော်လည်းကောင်း၊ လှုံဆော်မှု၊ ဟောပြောမှု၊ စည်းရုံးမှု၊ အားပေးမှုနှင့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခြင်းကို ရှောင်ကြဉ် ရမည်ဟု ဖော်ပြထားသည်။

ထို့ပြင် ရောင်းချသောကုန်စည်၊ ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး တာဝန်ယူဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရောင်းချရာတွင် စားသုံးသူကို မထီမဲ့မြင်ပြုသော သို့မဟုတ် စားသုံးသူဂုဏ်သိက္ခာကို ထိခိုက်စေသောပြု မူပြောဆိုမှုကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်ကို မိမိမှတပါး အခြားသူ တစ်ဦးဦးထံသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လွှဲပြောင်းခြင်းကို ရှောင်ကြဉ်ရမည် ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

အဆိုပါ အခန်း (၅) အပိုဒ် ၁၈ မှတ်ပုံ တင်လက်မှတ်ရရှိသူများ၏ တာဝန်များတွင် ဖော်ပြထားသည့် ပြဌာန်းထားချက်များကို ဖောက်ဖျက်ပါက မှတ်ပုံတင်ကာလကို အကန့်အသတ်ဖြင့် ဆိုင်းငံ့ထားခြင်း၊ မှတ်ပုံတင် လက်မှတ်ကို ပယ်ဖျက်ခြင်းများ ကုန်သွယ်ရေးဦးစီးဌာနက ပြုလုပ်နိုင်သည်ဟု ဖော်ပြထားသည်။

မှတ်ပုံတင်လျှောက်ထားရာတွင် ကုန်သွယ်မှုဦးစီးဌာနသို့ အွန်လိုင်းစနစ်ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မည့်နေရာကို တင်ပြနိုင်သောကုမ္ပဏီ သို့မဟုတ် စီးပွားရေးအဖွဲ့အစည်း ဖြစ်ရမည်ဟု ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအ ရဖြစ်စေ၊ အထူးကုမ္ပဏီ အက်ဥပဒေအရဖြစ် စေ သမဝါယမအသင်း ဥပဒေအရဖြစ်စေ၊ အ ခြားတည်ဆဲဥပဒေအရဖြစ်စေ ဖွဲ့စည်းတည် ထောင်ထားသော ကုမ္ပဏီ သို့မဟုတ်စီးပွား ရေးအဖွဲ့အစည်းဖြစ်ခြင်း၊ ကိုယ်ပိုင်အမည် သတ်မှတ်ချက်ဖြင့် တရားဝင်ဝက်ဘ်ဆိုက်ရရှိ ထားသော ကုမ္ပဏီ သို့မဟုတ်စီးပွားရေး အဖွဲ့ အစည်းဖြစ်ခြင်း အစရှိသည်များလျှောက် ထားနိုင်သည်ဟု ဖော်ပြထားသည်။

လျှောက်ထားသူများမှာ မြန်မာနိုင်ငံအတွင်း အခြေချနေထိုင်သူဖြစ်ခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ခြင်း၊အမိန့်ပါ သတ်မှတ်ချက်များကို လိုက်နာနိုင်သူဖြစ်ခြင်း၊ စိတ်ပေါ့ သွပ်သူ မဟုတ်ခြင်း၊ သက်ဆိုင်ရာအစိုးရဌာန အစိုးရအဖွဲ့အစည်းတရပ်ရပ်က အမည်ပျက် စာရင်းကြေညာထားသော ပုဂ္ဂိုလ်မဟုတ်ခြင်း  အစရှိသည်တို့နှင့် ပြည့်စုံရမည်ဟု ဖော်ပြ ထားသည်ကို တွေ့ရသည်။

မှတ်ပုံတင်လျှောက်ထားရာတွင်လည်း လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာတွင် လုပ်ငန်းအမှန်တကယ်တည်ရှိ ကြောင်း သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအ ဖွဲ့အစည်း သို့မဟုတ် သက်ဆိုင်ရာရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ ကုမ္ပဏီသို့မဟုတ် စီးပွားရေးအဖွဲ့အစည်းဖြစ် ပါက ယင်းကုမ္ပဏီ သို့မဟုတ် စီးပွားရေးအဖွဲ့ အစည်း တာဝန်ခံပုဂ္ဂိုလ်၏ နိုင်ငံသားစိစစ် ရေးကတ်ပြားမိတ္တူ သို့မဟုတ် လူပုဂ္ဂိုလ်ဖြစ်ပါ က ယင်းပုဂ္ဂိုလ်၏ နိုင်ငံသားစိစစ်ရေးကတ် ပြားမိတ္တူတို့ကို ပူးတွဲတင်ပြရမည်ဟု အမိန့် တွင်ဖော်ပြထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန် ဆောင်မှု ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (ဂ) အရ အွန် လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အ ရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ် မှတ်ထားသည်။

မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက် ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်သည်။

အဆိုပါအမိန့်ကြော်ငြာစာကို ထုတ်ပြန် ပြီး ခြောက်လပြည့်မြောက်သည့်နေ့မှစတင် ၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ် ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင် ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူ ခြင်းခံရမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။


READ NEXT
Cancel OK