Top News

ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ပြီး ရဲချုပ်တာဝန်ကို ပူးတွဲတာဝန်ပေးအပ်
24htopnews | December 2, 2024 2:12 PM CST

ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ပြီး ရဲချုပ်တာဝန်ကို ပူးတွဲတာဝန်ပေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် ၄၇/၂၀၂၃ ဖြင့် ဒုတိယဝန်ကြီးခန့်အပ်တာဝန်ပေးခြင်းနှင့် ရဲချုပ်တာဝန် ပူးတွဲတာဝန်ပေးခြင်းကိစ္စအား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ပြီး ရဲချုပ်တာဝန်ကို ပူးတွဲတာဝန်ပေးလိုက်ကြောင်း ပါရှိသည်။ 

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် ၄၆/၂၀၂၃ ဖြင့် ဦးဇင်မင်းထက်ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးကြောင်းနှင့် အမိန့်အမှတ် ၄၅/၂၀၂၃ ဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌရုံး ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်လိုက်ကြောင်း ဇူလိုင် ၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။   


READ NEXT
Cancel OK