Top News

မြဝတီမြို့အနီး ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တုံးတံတားကျေးရွာမှ စစ်ဘေးရှောင်များ တစ်လကျော်သည့်တိုင် နေရပ်မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာလိုအပ်ချက်များရှိနေ
24htopnews | December 2, 2024 2:12 PM CST

ကရင်ပြည်နယ် မြဝတီမြို့အနီးဖြစ်ပွား ခဲ့သော တိုက်ပွဲများ၊ လက်နက်ကြီးကျည် ကျ ရောက်ပေါက်ကွဲမှုများကြောင့် ပွင့်လင်းအေး မြိုင် (တုံးတံတား) ကျေးရွာမှ စစ်ရှောင်များမှာ တစ်လကျော်သည့်တိုင် အိမ်မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာ လိုအပ်ချက်ရှိနေကြောင်း သိရ သည်။

ယခုရက်ပိုင်းအတွင်း မြဝတီမြို့တောင် ဘက် မေတ္တာလေးမြိုင် ကံ့ကော်တစ်ထောင်၊ လက်ခတ်တောင်၊ ပွင့်လင်းအေးမြိုင် ကျေး ရွာအနီးတို့တွင် နှစ်ဘက်တိုက်ပွဲများရက်ဆက် ဖြစ်ပွားပြီး လက်နက်ကြီးကျည်ပေါက်ကွဲမှုများ ကြောင့် ဒေသခံပြည်သူအများအပြား ထပ်မံ ၍ တိုက်ပွဲရှောင်လာရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၁၉ ရက် မွန်းလွဲ ၂ နာရီ ခန့်တွင် ပွင့်လင်းအေးမြိုင်၊ (တုံးတံတား) ရွာ အတွင်းသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲကာ နေအိမ်တစ်လုံး ထိခိုက်ပျက်စီး ခဲ့ပြီး  အမျိုးသမီးတစ်ဦး ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့သည့်နေ့မှစ၍ ရွာလုံးကျွတ်စစ်ရှောင် လာရသည်မှာ ဇူလိုင်၂၁ ရက်အထိ စစ်ရှောင် နေရဆဲဖြစ်သည်ဟု ဆိုသည်။

“ရွာထဲလက်နက်ကြီးကျည်ကျတဲ့ ဇွန်လ ၁၉ ရက်နေ့ကတည်းက ရွာသားတွေ အားလုံး  တောရကျောင်းကို ရှောင်လာကြတာပါ။ အိမ် ထောင်စု ၅၄စု၊ လူဦးရေ ၂၅၀ ကျော်ရှိပါ တယ်။ အခုဆိုရင်တော့ ပတ်ဝန်းကျင်မှာ နေ့ တိုင်း တိုက်ပွဲတွေဖြစ်နေတော့ ပိုများလာတာ ပေါ့။ ဘယ်နေ့ပြန်ရမယ်တော့ မပြောတတ် သေးပါဘူး”ဟု စစ်ဘေးရှောင်တစ်ဦးက ပြော ကြားသည်။

မြဝတီမြို့ အမှတ် (၄) ရပ်ကွက် တောရ ဘုန်းတော်ကြီးကျောင်း၌ ခိုလှုံလျက်ရှိသော ပွင့်လင်းအေးမြိုင် (တုံးတံတား) ရွာသားများ အား စေတနာရှင်များက လှူဒါန်းသော စား နပ်ရိက္ခာများဖြင့် ကျွေးမွေးလျက်ရှိသည်။

မြဝတီမြို့အမှတ် (၄) ရပ်ကွက်ရှိ တောရ ကျောင်း (ဘကကျောင်း) တိုက်တွင် ၂၀၂၃ ခုနှစ် ဇူလိုင် ၂၀ ရက်အထိ မဲကနယ်ကျေးရွာ အုပ်စု ပွင့်လင်းအေးမြိုင်ကျေးရွာ (တုံးတံတား) မှတိုက်ပွဲရှောင်၍ရောက်ရှိလာသော ပြည်သူ အိမ်ထောင်စု ၈၉ စု အမျိုးသား ၁၅၈ ဦး၊ အ မျိုးသမီး ၁၅၉ ဦး၊ ပေါင်း ၃၁၇ ဦးတို့ စားရေး သောက်ရေးအဆင်ပြေစေရန်၊ မပြတ်တောက် စေရန် အတွက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ ဦးစိုးတင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်သောင်းတို့က ဆန် ၁၀ အိတ် နှင့် အလှူ ငွေ ကျပ်တစ်သိန်းတို့ကို ဇူလိုင်၂၀ ရက်က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြဝတီဒေသဝန်းကျင်တွင် နေ့စဉ် ဆိုသ လို ဖြစ်ပွားနေသော တိုက်ပွဲကြောင့် စစ်ရှောင် လူဦးရေ ပိုမိုများပြားလာခြင်းကြောင့် ရိက္ခာ များ လုံလောက်မှု နည်းပါးလာသည်ဖြစ်၍ အလှူရှင်များ ကိုယ်တိုင်ကိုယ်ကျလာရောက် လှူဒါန်းနိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက နှိုးဆော်ထားကြောင်းလည်း သိရသည်။


READ NEXT
Cancel OK