Top News

ကော့ကရိတ်မြို့အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားရှစ်ဦး ဒဏ်ရာရရှိ
24htopnews | December 2, 2024 2:12 PM CST

ကရင်ပြည်နယ် ကော့ကရိတ်မြို့အတွင်း ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ကော့ကရိတ်မြို့အတွင်း နံနက် ၇ နာရီခွဲ ခန့်က လက်နက်ကြီးကျည် သုံးသုံးကျရောက်ခဲ့ ရာ အမှတ် (၂) ရပ်ကွက် မြို့တော်ဦးရပ်တွင် လက်နက်ကြီးကျည်တစ်လုံး၊ အမှတ် (၇) ရပ် ကွက် ပဒုမ္မာလမ်းတွင် လက်နက်ကြီးကျည်တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ကော့ကရိတ် ခရိုင်ပြည်သူ့ဆေးရုံကြီးရှေ့သို့ ကျရောက်ခဲ့ သည့် လက်နက်ကြီးကျည်မှာ ပေါက်ကွဲခြင်းမ ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့်  အမှတ် (၇) ရပ်ကွက် ပဒုမ္မာ လမ်းနေ ဦးရူပါ၊ ဦးသိန်းဝင်း၊ ဒေါ်ရွှေတို့ သုံးဦး မှာ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကော့ကရိတ်မြို့ အမှတ် (၂) ရပ် ကွက်နေ ဒေါ်သန်းသန်းအေး၊ ဒေါ်လှမြင့်၊ စောဉာဏ်လင်း၊ ဒေါ်သန္တာလှိုင်နှင့် ဦးဝင်း လှိုင်တို့မှာလည်း လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရ သည်။

“ဆေးရုံရှေ့ကျတဲ့ လက်နက်ကြီးကျည် က မပေါက်ကွဲသွားလို့ တော်သေးတယ်။ မ ဟုတ်ရင် ထိခိုက်သူပိုများသွားနိုင်တယ်”ဟု မြို့ခံတစ်ဦးက ပြောကြားသည်။

လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့သူများမှာ ကော့ကရိတ်ခရိုင်ပြည်သူ့ဆေး ရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရ သည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့အတွင်း အကြာခဏ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုများကြောင့် မြို့ခံပြည်သူများ ထိ ခိုက်သေဆုံးဒဏ်ရာရရှိခဲ့သူ အများအပြားရှိ နေကြောင်း မြို့ခံများ၏ ပြောကြားချက်များ အရ သိရသည်။


READ NEXT
Cancel OK