Top News

ကော့ကရိတ်မြို့နယ် ကော့ဂူကျေးရွာရှိ ကျောက်တောင်နံ့သာလိုဏ်ဂူ ရေကန်အတွင်း ရေနစ်ပျောက်ဆုံးခဲ့သည့်  ၁၂ နှစ်အရွယ်ကလေး၏အလောင်း ပြန်လည်တွေ့ရှိ
24htopnews | December 2, 2024 2:12 PM CST

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မင်းရွာကျေးရွာအုပ်စု ကော့ဂူကျေးရွာ ကျောက် တောင်နံ့သာလိုဏ်ဂူ ရေကန်အတွင်း ပြီးခဲ့ သည့် ဇူလိုင် ၁၉ ရက် ညနေပိုင်းက ရေနစ်ပျောက် ဆုံးခဲ့သည့်  ၁၂ နှစ်အရွယ်ကလေး၏ အ လောင်းအား ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ပြန် လည်‌တွေ့ရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအ ဖွဲ့ထံမှ သိရသည်။

ရေနစ်ပျောက်ဆုံးနေသည့် ကလေးမှာ ကော့ဂူကျေးရွာမှဖြစ်ကြောင်းနှင့် ဇူလိုင်  ၁၉ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က အဆိုပါ ကျောက် တောင်နံ့သာလိုဏ်ဂူ ရေကန်အတွင်း  ငါးမျှား နေရင်း ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေနစ်ပျောက်ဆုံး‌နေသည့် ကလေးအား ရမ္မဝတီ လူမှုကယ်ဆယ်ရေးအဖွဲ့မှ မော်လ မြိုင်မြို့ရှိ ရာမည အရေးပေါ်ကယ်ဆယ်ရေးအ သင်းနှင့်  ရေနစ်သူရှာဖွေကယ်ဆယ်ရေးအဖွဲ့ ထံသို့ အကူညီတောင်းခံပြီး ကော့ဘိန်းလူမှု ကယ်ဆယ်‌ရေအဖွဲ့နှင့် မော်လမြိုင်လူမှုကယ် ဆယ်‌ရေးအဖွဲ့များ ပူးပေါင်းကာ ဇူလိုင် ၁၉ ရက် ည ၉ နာရီအထိ ရှာဖွေခဲ့ကြသော်လည်း ကလေးအား မတွေ့ရှိရသည့်အတွက် ကယ် ဆယ်ခြင်းကို ရပ်နားခဲ့ရကြောင်း၊  ဇူလိုင် ၂၀ ရက်တွင်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များ ဆက်လက်လုပ်ဆောင်ခဲ့သော်လည်း ကလေး၏အလောင်းအား မတွေ့ရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

“ဒီနေ့ ဇူလိုင် ၂၁ ရက် မနက် ၇ နာရီ လောက်မှာ ရေနစ်ပျောက်ဆုံးနေတဲ့ ကလေး ရဲ့အလောင်း က ရေကန်အတွင်းမှာ ပြန်ပေါ် လာလို့  ဒေသခံတွေက အကြောင်းကြားလာလို့ သွားရောက်ဆယ်ယူခဲ့ရပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့နောက် ရမ္မဝတီ လူမှုကယ်ဆယ်ရေး အသင်းက ရေကန်အတွင်းရှိ ကလေး၏ အ လောင်းကို ဆယ်ယူပေးခဲ့ကာ ကော့ဘိန်းတိုက် နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်က မွန်ပြည် နယ် မော်လမြိုင်မြို့တွင်လည်း တစ်နှစ်ခွဲအ ရွယ် ကလေးငယ်တစ်ဦးနှင့် ၁၂ နှစ်ဝန်းကျင် ကလေးနှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သည်။

 


READ NEXT
Cancel OK