အရှေ့ဒဂုံမြို့နယ်တွင် ရာအိမ်မှူး အမျိုး သားတစ်ဦး၊ မြောက်ဒဂုံမြို့နယ်၌ ဘေးတွဲဆိုင် ကယ်မောင်းသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အရှေ့ဒဂုံမြို့နယ်၊ အမှတ် ၁၁၈ ရပ်ကွက်၊ ဦးမြူလမ်းနှင့် အောင်သပြေလမ်ထောင့်တွင် အမှတ် ၁၂၅ ရပ်ကွက်မှ ရာအိမ်မှူး ဦးကျော် လွင် (၃၅ နှစ်) ဆိုသူသည် ဇူလိုင် ၂၁ ရက် နံနက် ၇ နာရီခွဲခန့်က ဆိုင်ကယ်မောင်းနှင် လာစဉ် ဆိုင်ကယ်ဖြင့် အနောက်မှလိုက်လာ သည့် စိစစ်ဆဲအမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်းသိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦး ကျော်လွင်၌ နဖူးနှင့် ဝမ်းဗိုက်တွင် သေနတ် ဒဏ်ရာများရရှိကာ သေဆုံးသွားကြောင်း သိ ရသည်။
ထို့အတူ မြောက်ဒဂုံမြို့နယ်၊ ၃၈ ရပ် ကွက်၊ ရာဇဓိရာဇ်လမ်းနှင့် ခရေလမ်းထောင့် တွင် ဘေးတွဲဆိုင်ကယ်မောင်းသူ ဦးကျော် ဆန်းဝင်း (၄၅ နှစ် ) အဆိုပါ ရပ်ကွက်နေသူ သည် ဇူလိုင် ၂၀ ရက် ၇ နာရီခွဲခန့်က နေအိမ် သို့ မောင်းနှင်ပြန်လာစဉ် ဆိုင်ကယ်ဖြင့် အ နောက်မှ မောင်းနှင်လိုက်ပါလာသည့် စိစစ်ဆဲ အမျိုးသားနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ထွက် ပြေးသွားကြောင်း၊ ဦးကျော်ဆန်းဝင်းတွင် ဦး ခေါင်း၌ သေနတ်ဒဏ်ရာရရှိကာ သေဆုံးသွား ကြောင်း သိရသည်။
အလားတူ ဒဂုံဆိပ်ကမ်းမြို့နယ် စီမံအုပ် ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးလှကြည်သည် ဇွန် ၂၃ ရက် ည ၇ နာရီခန့်က နေအိမ်သို့ ကား ဖြင့် ပြန်လာစဉ် သေနတ်ဖြင့်ပစ်သတ်ခံရမှုဖြစ် ပွားခဲ့သည်။
ဒဂုံဆိပ်ကမ်းမြို့နယ် ၉၄ ရပ်ကွက်တွင် နေထိုင်သော ဦးလှကြည် (အသက် ၇၇ နှစ်)သည် ၎င်းင်း၏နေအိမ်သို့ Toyota surf အမျိုး အစားကားဖြင့် ပြန်လာစဉ် အဆိုပါရပ်ကွက် ဃ - ၁ လမ်းနှင့် စိန်ပန်းလမ်းထောင့် အရောက် တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ဦးလှကြည်အား ဆိုင်ကယ်စီးနင်းလာ သည့် အမည်မသိနှစ်ဦးက ပစ်ခတ်သွားခြင်း ဖြစ်ပြီး ၎င်းင်းတွင် ယာရင်ဘတ် ထိမှန်ဒဏ်ရာ နှစ်ချက်၊ ယာနံဘေးထိမှန်ဒဏ်ရာ တစ်ချက်၊ ဝဲရင်ဘတ်ထိမှန်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး Toyota surf ယာဉ်၏ ယာဘက် ရှေ့လေကာ မှန်ကွဲအက်ပျက်စီး၊ ဝဲဘက် ရှေ့လေကာမှန်နှင့် အလယ်လေကာမှန်တို့တွင် ကျည်ဖောက်ဝင် ရာများတွေ့ရှိကာ ပျက်စီးခဲ့သည်။ထို့နောက် ဦးလှကြည်သည် ရရှိဒဏ်ရာ များဖြင့် ဆေးကုသမှုခံယူနေစဉ် ည ၈ နာရီ ခန့်တွင် သေဆုံးခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှု ဖြစ်ပွားသည့်နေရာတွင် luger ကျည်ခွံ ၁၂ ခု တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းဌာနများ၏ ဖော်ပြမှုအရ သိရသည်။
အဆိုပါ သေနတ်ဖြင့်ပစ်သတ်ခံရသည့် ဦးလှကြည်သည် ဒဂုံဆိပ်ကမ်းမြို့နယ် ဗုဒ္ဓဘာ သာကလျာဏယုဝအသင်း YMBA အသင်း ဥက္ကဋ္ဌလည်းဖြစ်ပြီး ၎င်းကွယ်လွန်ခြင်းအတွက် YMBA (ဗဟို) က YMBA ဂုဏ်ရည်ဘွဲ့ ချီး မြှင့်ကြောင်း YMBA က ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
